မွန်ပြည်နယ်တွင် ဆန္ဒပြသူများကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

မွန်ပြည်နယ်တွင် ဆန္ဒပြသူများကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

မွန်ပြည်နယ်တွင် ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးခံရသူများကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် တရားစွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေးမြို့ပေါ်တွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွင် စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြရင်း အဖမ်းခံရသူများကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

ထိုဆန္ဒပြပွဲကိုစစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များ က သေနတ်ပစ်ဖောက် ဖြိုခွင်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများအား လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၁၇ ဦးအထိရှိခဲ့သည်။

“မနေ့က အဖမ်းခံရတာ ၁၇ ဦးအထိရှိတယ်၊ သူတို့ကို ၅၀၅(က) နဲ့ အမှုဖွင့် တရားစွဲထားတယ်လို့ ရဲစခန်းကနေ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ ၁၇ ဦးတွင် လူငယ်အမျိုးသမီးအများစုပါဝင်ပြီး ကျိုက်မရောအကျဉ်းထောင် တွင် ထိန်းသိမ်းထား သည်ဟု ဒေသခံများက ပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်စီရင်ခံရလျှင် အမြင့်ဆုံး ထောင် ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည်။

ရေးမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသူတို့ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပစ်ခတ် လိုက် လံဖြိုခွင်းနေသည့် အတွက် ဆန္ဒပြမှုကို လူအနည်းငယ်ဖြင့် ပုံစံအမျိုးမျိုးပြောင်းပြီး ဆက်လက် လုပ်ဆောင်နေ ကြသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လိုက်လံ ပစ်ခတ်ဖြိုခွင်းနေမှုကြောင့် မွန်ပြည်နယ်တွင် ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူ အများအပြားရှိနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည့် စာရင်းများအရ စစ် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့ထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချ မှတ် ခြင်းခံထားရသူ စုစုပေါင်း (၂၆၈၂) ဦးထိရှိခဲ့ပြီ ဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၅) ဦး ရှိပြီဖြစ်သည်ဟု သိရသည်။

ထို့အပြင် အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရ သောကြောင့် တိမ်းရှောင်နေသူ (၁၀၉) ဦး နှင့် ပြန် လည် လွတ်မြောက်လာသူ (၃၈၀) ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Most read this week

ရွှေဘိုအကျဉ်းထောင် (ပုံဟောင်း - Crd)
August 15, 2026
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသူ ၈...
August 15, 2026
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရခိုင်ပြည် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့အား စစ်တပ်က...
August 14, 2026
ဧရာဝတီတိုင်းအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့...
August 14, 2026
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ရေကြည်မြို့နယ် အစပ်ဒေသများတွင် အာရက္ခတပ်တော် (AA) နှင့်...