လားရှိုးမြို့ပေါ် နှစ်ရက်ဆက် ဗုံးပေါက်ကွဲ

လားရှိုးမြို့ပေါ် နှစ်ရက်ဆက် ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံ များက ပြောသည်။

လားရှိုးမြို့ ၊ ရပ်ကွက် (၁) တွင် မတ်လ ၂၃ ရက်နေ့ (ယနေ့)တွင် ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ ကလေး ငယ် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဒီနေ့က အဲ့ဒီက ရပ်ကွက် (၁) နယ်မြေ (၉) ထဲက ဦးတင်သန်းဆိုတဲ့လူအိမ်ထဲမှာပေါက်ကွဲတာ၊ ကလေး လည်း နှစ်ယောက် ဒဏ်ရာရတယ်။ ရပ်ကွက်က လူတွေပြောတာတော့ ဒီနေ့ နေ့လည် သုံးနာရီမတ်တင်းမှာ နှစ်ခါပေါက်တယ်။ လေးနာရီမှာ တစ်ခါပေါက်တယ်။ အဲ့ဒီဦးတင်သန်းကတော့ စစ်တပ်က အငြိမ်းစားလို့ ပြောကြတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ဖြစ်ပွားခဲ့သည့် ရပ်ကွက် (၁) က ပေါက်ကွဲမှုမှာ စစ်တပ်မှ အငြိမ်းစားယူထားသူ တစ်ဦး၏ အိမ်ဖြစ် ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူလည်း ရှိကြောင်း လားရှိုးဒေသခံများက ပြော သည်။

“ဟုတ်တယ်၊ ကျမကိုယ်တိုင်ကြားတာပါ။ ဗုံးသံက ကျမတို့ နေရာနဲ့ သိပ်မဝေးဘူး။ ဒီရပ်ကွက် ၁၊ မန္တလေး အထွက် လမ်းနားမှာပဲ။ ရန်တိုင်းအောင် ဘုရားနားလောက်မှာပဲထင်တယ်။ ခန့်မှန်းကြည့်မယ်ဆိုရင်။ ဗုံးသံ က တော်တော်လေး ကျယ်တယ်။ ဒီနေ့လည်း ဗုံးသံလည်း ကြားရတယ်။ မနေ့ကလည်း ဗုံးသံတွေ ကြားရ တယ်။ ဒီ နေ့ ရဲ့ ပေါက်ကွဲမှုက ကျမတို့ရဲ့ ရပ်ကွက် ၁ မှာပဲ၊ အိမ်တွေတောင်မှ တုန်သွားတာ၊ အဲ့နားမှာ ကား ကြီးဝန်းလည်း တစ်ခုရှိတယ်” ဟု လားရှိုးရပ်ကွက် (၁) က ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မတ်လ ၂၂ ရက်နေ့ (ယမန်နေ့) မွန်းလွဲပိုင်းအချိန်ကလည်း လားရှိုးမြို့ ရပ်ကွက် (၄) နယ်မြေ အတွင်းရှိ ရဲရိပ်သာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မနေ့ကတော့ ဖြစ်တာတော့ ဒီအတိုင်းပဲ သူတို့လိုက်စစ်တယ်၊ စစ်ပြီးတော့ ဘာမှ မတွေ့တော့ အဲ့အတိုင်းပဲ ပြီးသွားတယ်။ ဒီနေ့ကတော့ အခုအချိန်ထိ ရဲနဲ့ စစ်တပ်က အဲ့ရပ်ကွက်ထဲမှာ ရှိနေတုန်းပဲ” ဟု အမည်မဖော် လိုသူ ဒေသခံတစ်ဦးက ဆက်ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ရဲရိပ်သာရုံးအတွင်းက ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိသော်လည်း ယနေ့ဖြစ်ပွားသည့် လားရှိုးမြို့ ရပ်ကွက် (၁) အတွင်းက ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူ နှစ်ဦး ရှိသည် ဟု ဒေသခံများက ပြောသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...