နောင်ချိုတွင် ကားဖြင့်တိုက်ပြီး လူ ၂ ဦးကို ဖမ်း

နောင်ချိုတွင် ကားဖြင့်တိုက်ပြီး လူ ၂ ဦးကို ဖမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူ အမျိုးသားနှစ်ဦး အား အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက ကားနှင့်တိုက်ပြီး ဖမ်းဆီးသွားရာ ယနေ့အချိန်ထိ အဆက် အသွယ် မရသေး ဟု ဒေသခံများက ပြောသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့် ဆန္ဒပြပြီး အပြန်တွင် နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ မှ အမျိုးသားနှစ်ဦးအား စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကားနှင့်တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

“ဖမ်းခံရတာ ဟုတ်ပါတယ်ဗျ။ ဆန္ဒပြပွဲက ပြီးလို့ လူစုခွဲပြီး တချို့ကတော့ ပြန်ကုန်ပြီ၊ တချို့ပဲ ကျန်တယ်။ အဲ့အချိန်မှာ စစ်တပ်နဲ့ရဲတွေက ဝင်လာပြီး သေနတ်အရင်ဖောက်တယ်နော်။ ပြီးတော့ ကားနှစ်စီးနဲ့ စစ်သား တွေလည်း ပါတယ်။ ရဲတွေရော၊ ဒီ အရပ်ဝတ်နဲ့လူတွေရော အကုန်ပါတယ်။ သူတို့ကို ကားနဲ့တိုက်သွားတာ ကတော့ အရပ်သားကားနဲ့ပဲ တိုက်တယ်။ ပြီးတော့ ရိုက်နှက်ပြီး ဖမ်းသွားကြတယ်လို့ တွေ့တဲ့လူတွေ က ပြောပြတာပါ။ ဆန္ဒပြပြီး လူစုခွဲနေတုန်း ရဲတွေ စစ်သားတွေရောက်လာတော့ အကုန်လုံးကလည်း ထွက် ပြေး၊ ပြန်တဲ့လူပြန်၊ ပုန်းတဲ့လူလည်း ပုန်းဆိုတော့ ကျနော်တို့ကတော့ မတွေ့လိုက်ဘူး” ဟု ဆန္ဒပြပွဲတွင် ပါ ဝင်သူ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အတိအကျမသိရသေးဘူးဟု ဆက် ပြော သည်။

“ဖမ်းသွားတော့ မိသားစုက စိတ်ပူပြီး လိုက်ရှာနေကြတယ်။ အခုထိ အဆက်အသွယ်မရသေးဘူး။ ဘယ်မှာ ထားထားလဲမသိသေးဘူးတဲ့။ အခုက ဖမ်းမိပြီဆိုရင် သူတို့က အရမ်းရိုက်နှက်တာတွေရှိတော့ ပိုပြီး စိတ်ပူ နေကြတာဗျ။ ရဲစခန်းတွေမှာ မေးတော့လည်း ဘာမှ ကောင်းကောင်းမသိရဘူးဖြစ်နေတယ်ဗျ။ တချို့က လည်း အမှတ် ၆၀၆ တပ်မှာလို့ ပြောတယ်။ ဒါပေမယ့် တိတိကျကျ ဘာမှ မသိရသေးဘူး” မိသားစုနှင့် နီး စပ်သူ တစ်ဦးက ပြောသည်။

မတ်လ ၂၁ ရက်နေ့က နောင်ချိုမြို့နယ်အတွင်း ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကိုအောင်ခန့်မင်းနှင့် ကိုညီညီတို့ ဖြစ် ကြသည်။

နောင်ချိုမြို့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်များတွင်လည်း အခြားတိုင်းနှင့်ပြည်နယ် အသီး သီးက မြို့နယ်များကဲ့သို့ လူထုဆန္ဒထုတ်ဖော်ပွဲများ မပြုလုပ်နိုင်အောင် နည်းမျိုးစုံဖြင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ များက အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူများမှာ နည်းအမျိုးမျိုးဖြင့် ဆန္ဒထုတ်ဖော် နေကြသည်။

နောင်ချိုမြို့နယ်အတွင်းက ဒေသခံပြည်သူများသည် လမ်းလျှောက်ပျောက်ကြားသပိတ်၊ ဆိုင်ကယ်သပိတ် အပြင် လူမဲ့သပိတ်များဖြင့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း အခြေဆိုက်သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းဌာနက စုဆောင်းထား သည့် စာရင်များအရ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြသည့် ရှမ်းမြောက်ဒေသ အတွင်း လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ တန့်ယန်း၊ မိုင်းရယ်၊ နမ္မတူမြို့နယ်များအတွင်း ဖမ်းဆီးခံရ သူ ၇၀ နီးပါးရှိပြီး အယောက် ၃၀ ခန့်သာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...