ရန်ကုန်မှ ပြန်လာသည့် ရခိုင်များကို အလုပ်ရရန် ပြည်နယ်ကောင်စီ စီစဉ်နေ

ရန်ကုန်မှ ပြန်လာသည့် ရခိုင်များကို အလုပ်ရရန် ပြည်နယ်ကောင်စီ စီစဉ်နေ

ရန်ကုန်မှ ရခိုင်ပြည်နယ်၊ ဇာတိနေရပ်သို့ ပြန်ရောက်လာသူများကို သက်ဆိုင်ရာ မြို့နယ်အလိုက် သင့်တော်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းက DMG သို့ ပြောသည်။

“ရခိုင်ကိုပြန်လာပြီးတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေကို စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့သူတွေဆိုရင် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ လုပ်လို့ရတဲ့အလုပ်တွေရှိတယ်။ မွေးမြူးရေးနဲ့ဆိုရင်လည်း မွေးမြူးရေးနဲ့ပတ်သက်ပြီးတော့ အခြေနေတွေ ဆောင်ရွက်သွားဖို့ အစီစဉ်တော့ရှိတယ်။  အသေးစိတ်တော့ မရနိုင်သေးဘူး”ဟု ဆိုသည်။

ရန်ကုန်မှ ရခိုင်သို့ ပြန်လာနိုင်ရန် ကောင်စီအနေဖြင့် ဆောင်ရွက်ပေးနေကြောင်း ဗိုလ်မှူးကြီး မင်းသန်းက ဆက်ပြောခဲ့သည်။

ရန်ကုန်မှ ရခိုင်သို့ပြန်ရောက်နေသည့် မင်းပြားမြို့နယ်၊ ရေနံချိန်ကျေးရွာမှ မစိုးမိုးကြည်က “အခုက ရခိုင်မှာ အလုပ်မရှိဘူးဆိုတော့ စားဝတ်နေရေးကအစ အခက်ခဲတွေရှိတယ်။ ရခိုင်ကို ဘာကြောင့် ပြန်လာရတဲ့ဆိုတော့ ရန်ကုန်မှာ ဆူနေတဲ့အတွက် စက်ရုံတွေပိတ်ထားလို့ ပြန်လာရတာ”ဟု ဆိုသည်။

ရန်ကုန်မှ မိမိတို့နေရပ်အသီးသီးသို့ ပြန်လာကြသူများမှာ အလုပ်လက်မဲ့ဖြစ်နေကြသည့်အတွက် လက်ရှိကောင်စီအနေဖြင့် အလုပ်အကိုင်များ ဖန်တီးပေးစေလိုကြောင်းလည်း ကျောက်တော်မြို့မှ မမြတ်အေးခိုင်က ပြောသည်။

“ အခုက ရခိုင်ကိုပြန်လာတော့ အလုပ်မရှိတော့ဘူး၊ အလုပ်လက်မဲ့ဖြစ်နေတယ်။ အလုပ်မရှိတော့ မိသားစုစား ဝတ်နေရေးတွေ အခက်ခဲဖြစ်နေတယ်။ အခုလက်ရှိအစိုးရအနေနဲ့ ရန်ကုန်က ပြန်လာတဲ့အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အလုပ်ပေးစေချင်တယ်။ အခုက အလုပ်မရှိတော့ ဝင်ငွေဆိုတာလည်း မရှိဘူး”ဟု ၎င်းကဆိုသည်။

ကိုဗစ်ကာလမှစတင်ကာ စက်ရုံအလုပ်ရုံများ ရပ်နားမှုများကြောင့် ရန်ကုန်ရောက် ရခိုင်အချို့ ရခိုင်ပြည်နယ်သို့ ပြန်လာမှုများရှိခဲ့ပြီး ဖေဖော်ဝါရီလမှ စတင်ကာ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်သို့ ပြန်လာသူဦးရေ နှစ်ထောင်ကျော်ခန့် ရှိပြီဖြစ်ကြောင်း  ရခိုင်လူမှုကူညီရေးအသင်း (ရန်ကုန်) မှ ကိုမင်းသုတက ပြောသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...