မော်လမြိုင်မှ တတိယမြောက် လူငယ်သေဆုံး

မော်လမြိုင်မှ တတိယမြောက် လူငယ်သေဆုံး

အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန်ပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် မော်လမြိုင်မြို့မှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး မတ်လ ၁၆ ရက်နေ့ (ယမန်နေ့) က သေဆုံးသွားသည်။

“မနေ့က ဆုံးသွားတာပါ။ ဒီနေ့ (မတ်လ ၁၇ ရက်) တော့ မော်လမြိုင်ကို ပြန်သယ်လာမယ်” ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သေဆုံးသူ မောင်တောက်ထွန်း၏ ရုပ်အလောင်းကို မင်္ဂလာဒုံ စစ်ဆေးရုံမှ မတ်လ ၁၇ ရက်နေ့တွင် မော်လမြိုင်သို့ ပြန်လည်သယ် ဆောင်လာမည် ဖြစ်ပြီး မတ်လ ၁၈ ရက်နေ့တွင် သဂြိုလ်မည် ဖြစ်သည်။

မောင်တောက်ထွန်းသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့က မော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွင် ပါဝင်ခဲ့ရာ စစ်တပ်နှင့်ရဲတပ်ဖွဲ့များ က ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် လည်ပင်းကျည်ထိမှန်ပြီး ဆေးရုံတွင် ဆေးဝါးကုသမှု ခံနေရသူဖြစ်သည်။

ထိုနေ့က ဆန္ဒပြပွဲတွင် မောင်တောက်ထွန်းအပြင် အခြား ဦးခေါင်းကျည်ထိမှန်သူတစ်ဦး ရှိ ခဲ့သည်။

ဦးခေါင်းကျည်ထိသူ လူငယ်သည် ယင်းနေရာ၌ပင် သေဆုံးသွားခဲ့ပြီး လည်ပင်းထိမှန်ထားသည့် မောင်တောက် ထွန်းအား စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ခေါ်ဆောင်သွားပြီး မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံတွင် ထားရှိ  ခဲ့သည်။

ထိုမှတဆင့် ရန်ကုန် မင်္ဂလာဒုံ ကုတင် ၅၀၀ စစ်ဆေးရုံသို့ ပြောင်းရွေ့ဆေးကုသခဲ့ရာ မတ်လ ၁၆ ရက်နေ့ နေ့ လည်ခန့် က သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

မတ်လ ၃ ရက်နေ့ကလည်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေကြသည်ကို ထွက်ကြည့်ရာမှ စစ်တပ်နှင့် ရဲ တပ်ဖွဲ့များ ပစ်ခတ်ခြင်းကြောင့် ဘူမိဗေဒ တတိယနှစ် ကျောင်းသားတစ်ဦးလည်း သေဆုံးသွားခဲ့သည်။

ထိုကြောင့် မော်လမြိုင်မြို့တွင် မတ်လ ၁၇ ရက်နေ့အထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးအထိရှိပြီ ဖြစ်သည်။

မော်လမြိုင်မြို့တွင် စစ်အာဏာဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဖြိုခွင်းရာတွင် ရာဘာကျည်များ၊မျက်ရည်ယိုဗုံးများအပြင် ကျည်အစစ်များ အသုံးပြုကာ လိုက်လံဖြိုးခွင်းနေသည့်အတွက် လူ သေဆုံးမှုရှိလာသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူလည်း အများအပြားရှိ နေသည်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသည့် ပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့များက အမြဲစောင့်ကြည့်ကာ အကြမ်း ဖက် ဖြိုခွဲမှုများရှိနေသော်လည်း မော်လမြိုင်ပြည်သူများက ဆန္ဒပြမှုများကို နည်းမျိုးစုံဖြင့် ယနေ့အချိန်ထိ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ၏ မတရား အကြမ်းဖက် ဖြိုခွင်းခံရ၍ကျဆုံးသွားခဲ့သူ (၂၀၂) ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...