စစ်တွေ-ကျောက်တော်-ပလက်ဝ သင်္ဘောပြေးဆွဲနိုင်ရေး ရေကြောင်းတိုင်းတာမှု ပြီးစီး

စစ်တွေ-ကျောက်တော်-ပလက်ဝ သင်္ဘောပြေးဆွဲနိုင်ရေး ရေကြောင်းတိုင်းတာမှု ပြီးစီး

မာန်ယုကျော် — ရခိုင်ပြည်နယ် စစ်တွေမြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ ကုလားတန်းမြစ်ကြောင်းအတိုင်း သင်္ဘောပြေးဆွဲနိုင်ရေးအတွက် ရေကြောင်းတိုင်းတာမှုများပြီးစီးသွားပြီဟု ပြည်နယ် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးမြင့်မောင်က နိရဉ္စရာသို့ ပြောသည်။

“ကျနော်တို့ရေကတော့ တိုင်းပြီးသွားပြီဗျ။ တိုင်းပြီးသွားပြီဆိုတာက ဆွဲနိုင်၊ မဆွဲနိုင်ပေ့ါနော်။ တိုင်းပြီးသွားပြီ။ တိုင်းပြီးသွားပြီဖြစ်တဲ့အတွက် ကျနော်တို့ ပြည်တွင်းရေကြောင်းကနေပြီးတော့ ဆွဲဖို့စီစဉ်နေပါတယ်။ ခုလက်ရှိ ကျနော်တို့က သူတို့ကိုတော့ ပေးထားပါပြီ။ ရေကြောင်း အနေအထား အရ သွားလို့ရတယ်။ နောက် လုံခြုံရေးအနေအထားကျတော့လည်း နယ်မြေ ဟိုဟာကနေပြီးတော့ တိုင်းကရော၊ စီမံအုပ်ချုပ်ရေးကောင်စီကရော သူတို့ ပေးထားပြီးပါပြီ။ ထွက်နိုင်မယ့် အနေအထားတော့ ရှိပါတယ်ဗျ”ဟု ဦးအေးမြင့်မောင်က ဆိုသည်။

မည်သည့်အချိန်တွင် စတင်ပြေးဆွဲနိုင်မည်ဆိုသည်ကို မပြောနိုင်သေးဟုလည်း ဆိုသည်။

အဆိုပါလိုင်းကို အိန္ဒိယနိုင်ငံအစိုးရက ရခိုင်ပြည်နယ်သို့လက်ဆောင်ပေးထားသည့် ကုလားတန်(၁)၊ ကုလားတန်(၂)၊ ကုလားတန်(၃)နှင့် ကုလားတန်(၄)စသည့်သင်္ဘောများဖြင့် တစ်ပတ်လျှင် နှစ်ခေါက် ပြေးဆွဲပေးမည်ဟု သိရသည်။ လောလောဆယ်တွင် ကုန်သင်္ဘောဖြစ်သည့် ကုလားတန် (၃)သင်္ဘောဖြင့် ကနဦးပြေးဆွဲနိုင်ရန်စီစဉ်ထားသည်ဟုလည်း ဦးအေးမြင့်မောင်က ပြောသည်။

“အဓိကတော့ ကျနော်တို့ကလည်း ပလက်ဝမှာရှိတဲ့ ဒေသခံတွေပေါ့ဗျာ။ တော်တော်လေး အခက်အခဲဖြစ်နေတာကိုး။ ဟိုတစ်လောက ကျနော်တို့အဖွဲ့သွားကြတော့ ဆန်တစ်အိတ်ကို တစ်သိန်းခွဲလောက်ပေးစားနေရတာဆိုတော့လေ။ သိပ်အဆင်မပြေကြဘူးပေါ့နော်။ နဂိုကမှ ဆင်းရဲတဲ့မြို့နယ်က အဲလိုဖြစ်နေတော့ အဲဒါနဲ့ ကျနော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားပေးနေတာပါပဲ”ဟု သူက ဆိုသည်။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်းစေရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်အတွက်ဟုဆိုကာ အဆိုပါသင်္ဘောလိုင်းကို ပြေးဆွဲရန်စီစဉ်ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောဆိုထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...