ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီ နှစ်ရက်တာ တံခါးပိတ်ဆွေးနွေး

ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီ နှစ်ရက်တာ တံခါးပိတ်ဆွေးနွေး
ဓါတ်ပုံ - ANP Sittwe Facebook
ဓါတ်ပုံ - ANP Sittwe Facebook

ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီသည် ယနေ့ မတ်လ ၁၀ ရက်မှ ၁၁ ရက်နေ့အထိ နှစ်ရက်တာကို တံခါးပိတ်ဆွေးနွေးနေကြသည်။ မည်သည့်အကြောင်းအရာများအား ဆွေးနွေးနေသည်ကို ပြောပြ၍ မရကြောင်းနှင့် ဆွေးနွေးမှုရလဒ်များကို အစည်းအဝေးပြီးသည်နှင့် ထုတ်ပြန်သွားမည်ဟု ANP ၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက DMG သို့ ပြောသည်။

အဆိုပါ အစည်းအဝေးသို့ သတင်းရယူရန် သတင်းမီဒီယာများ ဝင်ရောက်ခြင်းကိုလည်း ပိတ်ပင်ထားသည်။

သို့သော်လည်း ပြည်သူများမှာ ANP မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တောင်းဆိုထားသော ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ရေး၊ ရခိုင်လွှတ်တော်မှ အောင်မြင်ပြီးအဆိုများကို အကောင်အထည်ဖော်ရေး၊ အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် သူများကို ပြန်လည်လွှတ်ပေးရေး၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် ဝင်ရောက်သွားခြင်းအပေါ် ယခုဆွေးနွေးပွဲတွင် ပါဝင်နိုင်မည်ဟု မျှော်လင့်နေကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ မှ ၁၄ ရက်အထိ ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီဝင်များနှင့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲ၏ ဆုံးဖြတ်ချက်အရ ANP အနေဖြင့် ဒေါ်အေးနုစိန်နှင့် ပတ်သက်ပြီး သူမ၏ ဆောင်ရွက်ချက်လုပ်ငန်းများကို စောင့်ကြည့်လျက်ရှိကြောင်းလည်း ဦးဖေသန်းက DMG သို့ ပြောဆိုထားသည်။

စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...
May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...