အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် Women Generation အဖွဲ့မှ စစ်တွေတွင် လှုပ်ရှားမှုပြုလုပ်

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် Women Generation အဖွဲ့မှ စစ်တွေတွင် လှုပ်ရှားမှုပြုလုပ်

ဇော်ဝင်းဋ္ဌေး - မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ၌ မျိုးဆက်သစ်အမျိုးသမီးများအဖွဲ့ (Women Generation) အဖွဲ့မှ စစ်တွေကမ်းခြေ၌ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

 

၎င်းလှုပ်ရှားကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ကို ကြိုဆိုသည့် အနေဖြင့် မတ်လ ၈ ရက် နေ့လယ် ၁ နာရီခွဲခန့်အချိန်တွင် စစ်တွေ ကမ်းခြေ၌ Women Generationအဖွဲ့မှ ဒါရိုက်တာ မခင်မြင့်ဇော်က နိရဉ္စရာသို့ ပြောသည်။

 

"ဒီနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ဂုဏ်ကို ဖော်ထုတ်ချင်တာပါ။ အမျိုးသမီး တွေကိုလည်း တန်ဖိုးထားစေချင်ပါတယ်။ အမျိုးသမီးတွေဟာ အဖိနှိပ်ခံမဟုတ်ဘူး ။ အမျိုးသမီးတွေဟာလည်း လုပ်နိုင်စွမ်းရှိပါတယ်။  အမျိုးသမီးတွေကို အဘက်ဘက်က တိုးတက်လာအောင် အသိပညာတွေ ပေး လုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက်ဖို့လိုအပ်မယ် ။ ပြီးတော့ အမျိုးသမီးတွေကို ပါဝင်အောင်လည်း လက်တွဲခေါ်သင့်တယ်"ဟု ပြောသည်။

၄င်းလှုပ်ရှားမှု ပြုလုပ်ရာတွင် တဘီတစ်ထည်ပေါ်တွင် " ငါရို့ ထမီ ငါရို့အလံ ငါရို့အောင်ပွဲ" ဟု စာရေးသားပြီး ၎င်းထဘီကို ကိုင်ဆောင်ကာ အမျိုးသမီးများက လှုပ်ရှားခဲ့ကြသည်ဟု သိရသည်။

"အဓိကပြောချင်တာကတော့ ထဘီဆိုတာ နစ်နွန်းတဲ့အရာမဟုတ်ဘူး။ ဒါကြောင့်မို့ ထဘီကိုသုံးလိုက်တာပါ ။ အဓိကတော့ နိုင်ငံတာကာ အမျိုးသမီးနေ့ကို လူတွေ သိသွားအောင်လို့ပါ။ ထဘီဆိုတာ အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်လို့ အသိပညာ ပေးချင်တာပါ။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်တာပါ " ဟု မခင်မြင့်ဇော်က ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ၁၉၇၅ ခု မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြောင်း သိရှိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...