ဂွမြို့တွင် လူ ၂ဝဝ ခန့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဂွမြို့တွင် လူ ၂ဝဝ ခန့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ချစ်အိလှိုင် - ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ယနေ့ နံနက် ၈ နာရီ က လူ ၂ဝဝ ခန့်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းလျှောက် ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

၄င်းတို့မှာ ဂွမြို့မြို့မရပ်ကွက်အတွင်းလှည့်လည်ကာ စစ်အာဏာရှင်အလိုမရှိဆိုသည့် ကြွေးကြော်ချက်များဖြင့် စီတန်းလှည့်လည်ကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဂွမြို့ဒေသခံ မျက်မြင်တစ်ဦးကေ ပြောသည်။

“ လွန်ခဲ့တဲ့ မတ်လ ၄ ရက်နေ့လောက်တည်းက တစ်ရက်ခြားတစ်ခါလောက်ပြနေကြတာပါ။ ကျွန်တော်တို့ ဂွမြို့မှာတပ်မတော်ထောက်ခံပွဲမလုပ်ဖူးသေးပါဘူး။ ဆန့်ကျင်ရေးဆန္ဒပြတာပါ။ စစ်အာဏာရှင်အလိုမရှိဆိုပြီးအော်ကြတာပေါ့။ ဖမ်းဆီးနှောင့်ယှက်တာတွေမရှိပါဘူး” ဟုပြောသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို ထောက်ခံပါသည်၊ စစ်အာဏာရှင် စနစ်အလိုမရှိ စသည့် ဗွီနိုင်းများကို ကိုင်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါ မျက်မြင်က ဆက်ပြောသည်။

နံနက် ၈ ခန့်မှ ၁ဝ နာရီခန့်အထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ဆိုသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...