ဂွမြို့တွင် လူ ၂ဝဝ ခန့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဂွမြို့တွင် လူ ၂ဝဝ ခန့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ချစ်အိလှိုင် - ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ယနေ့ နံနက် ၈ နာရီ က လူ ၂ဝဝ ခန့်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းလျှောက် ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

၄င်းတို့မှာ ဂွမြို့မြို့မရပ်ကွက်အတွင်းလှည့်လည်ကာ စစ်အာဏာရှင်အလိုမရှိဆိုသည့် ကြွေးကြော်ချက်များဖြင့် စီတန်းလှည့်လည်ကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဂွမြို့ဒေသခံ မျက်မြင်တစ်ဦးကေ ပြောသည်။

“ လွန်ခဲ့တဲ့ မတ်လ ၄ ရက်နေ့လောက်တည်းက တစ်ရက်ခြားတစ်ခါလောက်ပြနေကြတာပါ။ ကျွန်တော်တို့ ဂွမြို့မှာတပ်မတော်ထောက်ခံပွဲမလုပ်ဖူးသေးပါဘူး။ ဆန့်ကျင်ရေးဆန္ဒပြတာပါ။ စစ်အာဏာရှင်အလိုမရှိဆိုပြီးအော်ကြတာပေါ့။ ဖမ်းဆီးနှောင့်ယှက်တာတွေမရှိပါဘူး” ဟုပြောသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို ထောက်ခံပါသည်၊ စစ်အာဏာရှင် စနစ်အလိုမရှိ စသည့် ဗွီနိုင်းများကို ကိုင်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါ မျက်မြင်က ဆက်ပြောသည်။

နံနက် ၈ ခန့်မှ ၁ဝ နာရီခန့်အထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု ဆိုသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...