စစ်တွေပွိုင့်ကမ်းခြေတွင် ပညာရေးစကားဝိုင်းပြုလုပ်သည့်ကျောင်းသား ၃ ဦးကို ရဲက ခေါ်ယူသွား

စစ်တွေပွိုင့်ကမ်းခြေတွင် ပညာရေးစကားဝိုင်းပြုလုပ်သည့်ကျောင်းသား ၃ ဦးကို ရဲက ခေါ်ယူသွား

ရခိုင်ပြည်နယ် စစ်တွေမြို့ ပွိုင့်ကမ်းခြေ အဝိုင်း၊ လမ်းဘေးပလက်ဖောင်းတွင် ပညာရေး စကားဝိုင်းပြုလုပ်၍ ဦးဆောင်သူ ကျောင်းသား ၃ ဦးကို ရဲကားဖြင့် ခေါ်ယူသွားကြောင်း သတင်းရရှိသည်။

နိရဉ္စရာသတင်းဌာနမှ သတင်းသွားယူစဉ် ၎င်းကျောင်းသား ၃ ဦးကို ရဲကားဖြင့် ခေါ်ယူသွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု သတင်းထောက်ဇွဲဓနက ပြောဆိုသည်။

၎င်းကျောင်းသားများမှ ပညာရေး စကားဝိုင်းပြုလုပ်စဉ် ပိုစတာများကို ကိုင်ဆောင်ထားပြီး ဆောင်းဘောက်မှတစ်ဆင့် မိုက်များဖြင့် စကား ပြောဆိုခဲ့ကြသည်။

ပိုစတာများတွင် ရေးသားထားသည်မှာလက်ရှိ သင်ရိုးပညာရေးအပေါ် အမြင်၊ ကောင်းမွန်သော ပညာရေးစနစ်ဖြစ်လာရန် အခြေခံကျသောလိုအပ်ချက်၊ ပညာရေးသည် အခြေခံ လူ့အသိုင်းအဝိုင်း၏ အလင်းတစ်ခုဖြစ်သည်၊ ယခုစကားဝိုင်းသို့ မည်သည့်ပုဂိုလ်မဆို လာရောက် ဆွေးနွေးမျှဝေသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနီးအနားရှိ အရပ်ဝတ်ဖြင့် ရဲတာဝန်ရှိသူ ၂ ဦးကို မေးမြန်းရာ သူတို့ကို မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားမည်ဟု ပြောကြားသည်။

မြို့မရဲစခန်းသို့ မေးမြန်းရာ သူတို့ကို ခဏမေးကြည့်ရန် ခေါ်ယူခြင်းဖြစ်ပြီး ရည်ရွယ်မရှိဟု သူတို့က ပြောကြောင်း၊ သူတို့ကို လက်ရှိ မေးမြန်းနေကြောင်း၊ ဘယ်နေရာကလဲ၊ ဖမ်းဖို့ဆီးဖို့လည်း အစီအစဉ်မရှိကြောင်း၊ နာမည်ကို မသိရသေးကြောင်း ပြောကြားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...