တပ်မတော်အာဏာရယူမှုကို ကန့်ကွက်ဆန္ဒပြ၍ ဖမ်းဆီးခံရသည့် သံတွဲဒေသခံ ၄ ဦးကို မနက်ဖြန် ရုံးထုတ်မည်

တပ်မတော်အာဏာရယူမှုကို ကန့်ကွက်ဆန္ဒပြ၍ ဖမ်းဆီးခံရသည့် သံတွဲဒေသခံ ၄ ဦးကို မနက်ဖြန် ရုံးထုတ်မည်

တပ်မတော်မှ နိုင်ငံတော်အာဏာအား ရယူသိမ်းလိုက်ခြင်းကို ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်  ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ယင်းအထဲမှ ဒေသခံ ၄ ဦးမှာ ငြိမ်းစုစီဥပဒေနှင့် ဘေးစီမံဥပဒေဖြင့် တရားစွဲဆိုခံထားရကာ မနက်ဖြန် မတ်လ ၈ ရက်နေ့ ရုံးထုတ်မည်ဖြစ်သည်။

၎င်းတို့ ၄ ဦးမှာ မမြမြဝင်း (စက်ခြုပ်ဆရာမ) အသက် ၃၀ နှစ်၊ ဦးခင်မောင် (မုန့်ရောင်းလုပ်ငန်းလုပ်ကိုင်သူ) အသက် (၅၆) နှစ်၊ ဦးရန်ပိုင်ထွေး (ဆိုက္ကားနင်း) အသက်(၃၅)နှစ်၊ မောင်အောင်ခိုင်မြင့် (လျှပ်စစ်အင်ဂျင်နီယာကျောင်းသား) အသက်၂၂ နှစ် တို့ ဖြစ်ကြသည်။

၎င်းတို့ ၄ ဦးအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ငြိမ်းစုစီဥပေဒပုဒ်မ (၁၉) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ (၂၅) တို့ဖြင့် သံတွဲမြို့နယ်ရဲတပ်ဖွဲ့က တရားစွဲဆိုထားကြောင်း ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ ၈ ရက်နေ့ ရုံးတော့ ချိန်းထားတယ်၊ ဒါပေမဲ့ ရုံးထုတ်၊မထုတ်တော့ အတိအကျမသိသေးဘူး၊ တရားသူကြီး ပြောကြားချက်အရကတော့ လုံခြုံရေးအရရော၊ ပြည်သူတွေ ဆူပူမှုအတွက်ရော၊ သူ့မှာ ရုံးထုတ်လို့ ပြောပိုင်ခွင့်မရှိဘူးလို့ ပြောထားပါတယ်” ဟု ၎င်းကဆိုသည်။

မနက်ဖြန် ရုံးထုတ်မှာကို အွန်လိုင်းစနစ်ဖြင့် ထုတ်မှာလား၊ ထောင်ကနေ တရားရုံးသို့ သွားရောက်မှာလား၊ အမှုစိစစ်မှာလား ဆိုသည်ကို သေချာမသိရသေးကြောင်း မောင်အောင်ခိုင်မြင့်၏ တရားလွှတ်တော်ရှေ့နေ ဦးညွန့်မောင်က DMG သို့ ပြောသည်။

အလားတူ အဆိုပါ ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် သံတွဲမြို့မှ တက်ကြွလှုပ်ရှားသူလူငယ် ကိုဟန်မျိုးသူရိန်ကိုလည်း သံတွဲ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးးက တရားလိုလုပ်ကာ  နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးတွင် ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှာ ဦးတိုက်လျှောက်ထားပြီး ယခုမတ်လ ( ၃) ရက်နေ့တွင် တရားစွဲဆိုထားသည်။

ကိုဟန်မျိုးသူရိန်က သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ စွဲစမ်းပါ။ ငြိမ်းစုစီတို့ ဘေးစီမံတို့နဲ့ အခုဟာက သက်သက်ကြီးလုပ်ပစ်တာ ကို့တယောက်တည်းကိုပဲနော်။ ပြီးတော့ ရခိုင်မှာ curfew ထုတ်ထားတာလည်း မရှိဘူး၊ ဘာရည်ရွယ်ချက်နဲ့ ဘာအငြိုးအတေးတွေနဲ့လုပ်မှန်းတောင် မစဉ်းစားတတ်ဘူး၊ ဒါနဲ့ပဲ စဉ်းစားကြည့်တယ်၊ တရားရင်ဆိုင်ဖို့ကလည်း အာမခံမရတဲ့ အမှုဆိုတော့ current situation ကိုလဲ မျက်ခြေမပြတ်ချင်ဘူး၊ မတရားလူတွေရဲ့ မတရားတဲ့စွဲချက်ကိုလည်း ရင်မဆိုင်ဖို့ ဆုံးဖြတ်ဖြစ်တယ်” ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်မှ အမ်း၊ မာန်အောင်၊ သံတွဲနှင့်တောင်ကုတ်မြို့နယ်တို့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၀ ကျော်ခန့်ရှိပြီး လက်ရှိတွင် အမ်းမှ ၇ ဦးအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အမ်းမြို့နယ်တရားရုံးမှ တစ်ဦးလျှင် ငွေဒဏ်ရှစ်သောင်းကျပ်စီဖြင့် အမိန့်ချမှတ်ခဲ့သည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...