ဖက်ဒရယ်စနစ် အခြေခံသည့် ဖွဲ့စည်းပုံ ပေါ်ပေါက်ရန် CRPH ရည်မှန်း

ဖက်ဒရယ်စနစ် အခြေခံသည့် ဖွဲ့စည်းပုံ ပေါ်ပေါက်ရန် CRPH ရည်မှန်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး အပါအဝင် နိုင်ငံရေး ရည်မှန်းချက် ၄ ချက်ကို  ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီ CRPH က ပြည်သူများနှင့်အတူ ရရှိအောင် ကြိုးစားလုပ်ဆောင်သွားမည်ဟု ပြောဆိုလိုက်သည်။

မတ်လ ၅ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီ CRPH ၏ နိုင်ငံရေး ရည်မှန်းချက်ထဲတွင် တွေ့ရသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ၏ နိုင်ငံရေး ရည်မှန်းချက်များမှာ “စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖျက်သိမ်း ရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး” တို့ ဖြစ် သည်ဟု CRPH ၏ နိုင်ငံရေး ရည်မှန်းချက် ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ် နှင့် စစ်အာဏာသိမ်းသံသရာ ချုပ် ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် အထက်ပါ နိုင်ငံ ရေးရည်မှန်းချက်များကို ချမှတ်လိုက်သည် ဟု ဆိုသည်။

ထို့အပြင် အဆိုပါ နိုင်ငံရေးရည်မှန်းချက်များ အပြည့်အဝ အောင်မြင်စေရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အတူ လက်တွဲကာ မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိ သစ္စာပြုအပ်ပါသည် ဟု CRPH က ပြောသည်။

CRPH ၏ နိုင်ငံရေး ရည်မှန်းချက် ထုတ်ပြန်ချက်ထဲတွင် နှစ်ပေါင်းများစွာကြုံတွေ့လာခဲ့ရသော နိုင်ငံရေးပြဿ နာများ၊ တိုင်းရင်းသားဒေသများတွင် ကျူးလွန်သော စစ်ရာဇဝတ်မှုများ နှင့် လက်နက်မဲ့ အရပ်သားပြည်သူ လူ ထုအပေါ် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှု၊ ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်များကို ပြောင်ပြောင် တင်း တင်း တိုက်ခိုက်ဖျက်ဆီးမှုများအားလုံး၏ လက်သည် တရားခံမှာ စစ်တပ်က နိုင်ငံအား ဗိုလ်ကျစိုးမိုးလိုမှု နှင့် ယင်းအလိုဆန္ဒအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ကာကွယ်ထားမှုတို့ပင်ဖြစ်သည် ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်သည် နိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ အစဉ်တစိုက် ပါဝင်၍ ဗိုလ်ကျ စိုးမိုးနိုင်ရေး အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့ကြောင်းနှင့် ၎င်းတို့၏ နိုင်ငံရေးအခန်း ကဏ္ဍ ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ကာကွယ်ထားသည့်တိုင် ကျေနပ်မှုမရှိဘဲ မိမိတို့ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပင် ပြန်လည်ချိုးဖောက်ကာ စစ်အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထပ်မံလုပ်ဆောင်ခဲ့ပြီ ဖြစ်သည်ဟု CRPH ၏ နိုင်ငံရေး ရည်မှန်းချက် ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် တိုင်းရင်းသားပြည်သူများသည် စစ်အာဏာ ရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို စစ်အာဏာရှင်များက လက် နက်အင်အား အသုံးပြု၍ သိမ်းယူခဲ့သည်ကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်ကြောင်းနှင့် စစ်အာဏာရှင် အဆက်ဆက်၏ အာဏာအလွဲ သုံးစားပြုမှု၊ ကိုယ်ကျိုးရှာမှု၊ နိုင်ငံချစ်စိတ်ကင်းမဲ့မှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ခေတ်နောက်ကျ ကျန်ရစ်သော နိုင်ငံတစ်ခု ဖြစ်ခဲ့ရသည်ဟု CRPH ၏ နိုင်ငံရေး ရည်မှန်း ချက် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...