ရခိုင်ပြည်နယ်လုံးဆိုင်ရာလူမှုကူညီကယ်ဆယ်ရေးကွန်ယက်ပေါ်ပေါက်ရေး အကြိုညှိနှိုင်းဆွေးနွေး

ရခိုင်ပြည်နယ်လုံးဆိုင်ရာလူမှုကူညီကယ်ဆယ်ရေးကွန်ယက်ပေါ်ပေါက်ရေး အကြိုညှိနှိုင်းဆွေးနွေး

ရခိုင်ပြည်နယ်လုံးဆိုင်ရာ ရခိုင်လူမှုကူညီကယ်ဆယ်ရေးကွန်ယက် ပေါ်ပေါက်ရေးအတွက် လူမှုကူညီ ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူများသည် ငပလီမြို့၊ မြပြင်ရပ်ကွက်၌  မတ်လ ၁ ရက်နေ့တွင် တွေ့ဆုံပြီး အကြိုညှိနှိုင်းခဲ့ကြသည်ဟု သတင်းရရှိသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် အကြိုညှိနှိုင်းတွေ့မှုတွင်  ရခိုင်ပြည်နယ်ရှိ သံတွဲ၊ ဂွနှင့် တောင်ကုတ်မြို့နယ်တို့မှ လူမှုကူညီ ကယ်ဆယ်ရေးအသင်းများနှင့် အဆင်ပြေအောင် ချိတ်ဆက်ထားနိုင်ပြီကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးမင်းထည်ဝါက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ ရခိုင်ပြည်နယ် တောင်ဘက်မှာတော့ ဂွ၊ ကမ်းသာယာ၊ မြပြင်၊ သံတွဲ၊ ငပလီ၊တောင်ကုတ်နဲ့ အခြားမြို့တွေမှာ ရှိတဲ့ သာရေး၊နာရေးလူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ချိတ်ဆက်ထားပြီးဖြစ်တယ်။ ရခိုင်တောင်ဘက်မှာတော့ တွေ့ဆုံပွဲတက်ရောက်တဲ့ လူမှုကူညီကယ်ဆယ်ရေး အသင်း ၁၉ ခုခန့် ရှိမယ်။ နောက်ထပ်လည်း ဆက်လက်ပြီးတော့ တွေ့ဆုံပွဲ လုပ်ဖို့ရှိပါသေးတယ်။ အဲဒီထဲကမှ ကော်မတီ၊ ဥက္ကဋ္ဌ တွေ ရွေးချယ်ခန့်အပ်မယ့် အစီအစဉ်ရှိပါတယ်” ဟုပြောသည်။

ရခိုင်မြောက်ဘက်မှ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် လက်ရှိတွင် တွေ့ဆုံညှိနှိုင်းမှုများ မရှိသေးသော်လည်း တွေ့ဆုံဆွေးနွေးရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

“လက်ရှိမှာတော့ ရခိုင်ပြည်နယ် မြောက်ဘက်လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ တွေ့ပြီးတော့ စကားမပြောရသေးဘူး။ တွေ့ဆုံနိုင်ရေး အကြောင်းတော့ ကြားထားပါတယ် ”ဟု ပြောသည်။

ရခိုင်ပြည်နယ်လုံးဆိုင်ရာ ရခိုင်လူမှုကူညီကယ်ဆယ်ရေးကွန်ရက် ဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်မြို့နယ်များတွင် နာရေး ၊ ကပ်ဆိုး( သို့မဟုတ်) သဘာဝဘေးအန္တရာယ်ဘေးနှင့် စစ်ရေး ပဋိပက္ခကြောင့် အရေးပေါ်ပို့ဆောင်ရေးစသည့် ကဏ္ဍတို့တွင် ဝိုင်းဝန်းကူညီ ချိတ်ဆက် ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်စ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ကယ်ဆယ်ရေးတွေ လုပ်တဲ့အခါ ကူညီဆောင်ရွက်ပေးရမှာ အခက်အခဲတွေ ကြုံရတယ်။ အဆက်အသွယ်မရတာတို့၊ သယ်ယူပို့ဆောင်မယ့် ကားအဆင်မပြေတာတို့ အခက်အခဲရှိတယ်။ သွားရမယ့် ခရီးတွေက အလှမ်းဝေးနေတာတို့ အခက်အခဲကြုံရတယ်။ ကွန်ယက်ဖွဲ့လိုက်မယ်ဆိုရင် အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းနိုင်မယ်” ဟုပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်  ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူမှုကူညီကယ်ဆယ်ရေးကွန်ယက်ကို ဖွဲ့စည်းလျှက် (၂၄) နာရီ အချိန်ပြည့် လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်ချက်များကို ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်နိုင်ရန် သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်တစ်ပြည်နယ်လုံးတွင် လူမှုကူညီကယ်ဆယ်ရေးအသင်းပေါင်း ၅၀ ခန့် ရှိသည်ဟု ၄င်းကဆက်ပြောသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...