ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံသဘောထား တူညီသော သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အင်အားစုများအားလုံးနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ က ပြောဆိုလိုက်သည်။
မတ်လ ၂ ရက်နေ့ (ယနေ့)တွင် ရွေးကောက်ပွဲတွင် အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖ များ ပါဝင်သည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု မြစ်ကြီး နားမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် အဆိုပါ အချက်ကို ထည့် သွင်းပြောဆိုထားသည်ကို တွေ့ရသည်။
မြစ်ကြီးနားမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က “မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (မြစ်ကြီးနားမြို့နယ်) သည် မြစ်ကြီးနားမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်သူများ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဘုံသဘောတူညီသော သက်ဆိုင်ရာ ပြည်ညသူ့ဘက်တော်သား အင်အားစုများ အားလုံးနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ် တော်ကိုယ်စားလှယ်များ အပါအဝင် အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်း ထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထုတ်ပြန်ချက်ထဲတွင် “ဦးအင်ထုန်းခါးနော်ဆမ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် - ၁၁ မဲဆန္ဒနယ်၊ ဒေါ်ကေရွယ်အောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မြစ်ကြီးနားမြို့နယ်၊ ကိုယ်စားလှယ် ၅ ဦး မြို့မိမြို့ဖ ကိုယ် စားလှယ်၊ ကိုယ်စားလှယ် ၅ ဦး CDM တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်၊ ကိုယ်စားလှယ် ၂ ဦး ပရ ဟိတ၊ အရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စားလှယ်၊ ကိုယ်စားလှယ် ၂ ဦး လူငယ် ကိုယ်စားလှယ်၊ ကိုယ်စား လှယ် ၃ ဦး အခြား ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ်၊ ဥပဒေ ပညာရှင် ၂ ဦး” ပါ ရှိသည်။
ယခုကာလတွင် ပြည်သူလူထုအပေါ် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက်လည်းကောင်း၊ အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အား စစ်အုပ်စု၏ အထောက်အပံ့ဖြင့် နှောက်ယှက်ဖျက်စီးလျက်ရှိသည့် မသ မာသူများ၏ ရန်မှ ကာကွယ်ရန်အတွက်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ အာဏာဖီ ဆန်ရေး လှုပ်ရှားမျှုများ (CDM) ကို အရှိန်မြှင့် ဆောင်ရွက်နိုင်ရန်နှင့် ၎င်းတို့ကို ကာကွယ်စောင့် ရှောက်ရန်၊ ကူ ညီနိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တစ်ရပ်ကို ချမှတ်ဆောင်ရွက်နိုင်ပါရန် ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ထုတ်ပြန်ကြေညာထားသည့်အတိုင်း အဖွဲ့အား ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်ဟု မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြစ်ကြီးနားမြို့နယ်) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ၎င်းတို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြစ်ကြီးနားမြို့နယ်)သည် ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြု ကော်မတီ (CRPH) ၊ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRKH) တို့ကို တာဝန်ခံကာ CRPH ထုတ်ပြန်သော ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်ပါ ရည်ရွယ်ချက်၊ လုပ်ငန်း တာဝန်များနှင့် စည်း ကမ်းများအတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်နှင့် နိုင်ငံသား များ၏ လုံခြုံရေးနှင့်တရား ဥပဒေစိုးမိုးရေး ကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့သည့်အတွက် နိုင်ငံသားများ အနေဖြင့် လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး ကို အကာအကွယ်ပေးနိုင်သည့် ဒီမိုကရေစီအစိုးရ တစ်ရပ်ပေါ် ထွန်းလာသည့် အချိန်အထိ ပြည်ထောင်စု လွှတ် တော်ကိုယ်စားပြုကော်မတီနှင့် ပူးပေါင်း၍ မိမိတို့၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို စုပေါင်းအားဖြင့် ကာ ကွယ်နိုင်ရန် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းရန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် CRPH က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်နောက်ပိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်တော်တော်များများတွင် မြို့နယ် အ လိုက် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းလာခဲ့ကြခြင်းဖြစ်သည်။







