ကိုဇေယျကျော်အပါအဝင် တောင်ကုတ်ဒေသခံလေးဦးကို စွဲချက်တင်

ကိုဇေယျကျော်အပါအဝင် တောင်ကုတ်ဒေသခံလေးဦးကို စွဲချက်တင်

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ်မှ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအပါအဝင်လေးဦး၏အမှုကို ယနေ့(ဖေဖေါ်ဝါရီလ ၂၆ ရက်) ရုံးထုတ်တွင် စွဲချက်တင်လိုက်ကြောင်း သိရသည်။

တရားလိုသက်သေ ၁၃ ဦးလုံးကို စစ်ဆေးပြီးနောက် အမှုကို စွဲချက်တင်သင့်၊ မသင့် နှစ်ဖက်လျှောက်လဲချက် ပေးရာ၌ စွဲချက်တင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့စွဲချင်တင်ခံရသူ လေးဦးမှာ တောင်ကုတ်မြို့နယ် ANP မှ ဒု-ဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်/ကော်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ စည်/ကော်ဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေတို့ဖြစ်ကြသည်။ အကယ်၍ ယနေ့စွဲချက်မတင်ခဲ့ပါက ၎င်းတို့လေးဦးလုံးမှာ စွဲဆိုထားသည့်အမှုမှာ လွတ်မြောက်မည်ဖြစ်သည်။

၎င်းတို့လေးဦးမှာ ၂၀၂၀ ပြည့်နှစ် မေလ ၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ဖမ်းဆီးခံခဲ့ရပြီး ရက္ခိုင့်တပ်တော် (AA)နှင့်ဆက်နွယ်မှု၊ ရိက္ခာထောက်ပံ့ကူညီမှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ စစ်တွေမြို့သတင်းအထူးတပ်ဖွဲ့(SB)မှ ရဲမှူးဇော်မြင့်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ၎င်းတို့လေးဦးတရားရင်ဆိုင်နေရသည်မှာ (၈)လခန့်ကြာမြင့်နေပြီဖြစ်ကာ ရုံးချိန်းပေါင်း အကြိမ် ၂၀ ကျော်အထိရှိခဲ့သည်။

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က)သည် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...