ဦးခေါင်းနှင့် ခြေဖဝါးတို့တွင် လက်နက်ကြီးကျည်စ ဝင်ရောက်နေသည့် ဇနီးမောင်နှံအတွက် ဆေးကုသရန် အကူအညီများလိုအပ်

ဦးခေါင်းနှင့် ခြေဖဝါးတို့တွင် လက်နက်ကြီးကျည်စ ဝင်ရောက်နေသည့် ဇနီးမောင်နှံအတွက် ဆေးကုသရန် အကူအညီများလိုအပ်

ဦးခေါင်းနှင့် ခြေဖဝါးတို့တွင် လက်နက်ကြီးကျည်စ ဝင်ရောက်နေသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်ရံသာစည်ကျေးရွာမှ စစ်တွေမြို့သို့ စစ်ဘေးရှောင်နေရသည့် ဇနီးမောင်နှံနှစ်ဦးမှာ ဆေးကုသမှုခံယူရန် ငွေကြေးအခက်အခဲရှိနေသဖြင့် အကူအညီများ လိုအပ်လျက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၂ ရက်နေ့က ကျောက်ရံသာစည်ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်အေးသန်းနု၏ ဦးခေါင်း၌ ကျည်စထိမှန်ခဲ့ပြီး ယောကျ်ားဖြစ်သူ ဦးကျော်အေး တွင်လည်း ခြေဖဝါး၌ ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။

ဒေါ်အေးသန်းနု၏ ဦးခေါင်းထဲ၌ လက်နက်ကြီးကျည်စရှိနေသေးသဖြင့် လစဉ်ဆေးကုသမှုခံယူနေရပြီး ငွေကြေးအခက်အခဲကြောင့် ဆေးကုသမှုမခံယူသည့်လများတွင် ဦးခေါင်းမှ ပိုမိုနာကျင်နေရကြောင်း ပြောသည်။

“တစ်လမှာတစ်ခေါက် သွားပြီးပြရတယ်။ ကျမကို စစ်တွေကဆရာဝန်က ရန်ကုန်သို့လွှတ်ထားတာပါ။ ငွေကြေး အခက်အခဲတွေရှိတဲ့အတွက် ရန်ကုန်သို့မသွားနိုင်ပါဘူး” ဟု ဒေါ်အေးသန်းနုက ဆိုသည်။

ဒေါ်အေးသန်းနုမှာ ဦးခေါင်းထဲတွင် ကျည်စရှိနေသည့်ဒဏ်ရာကြောင့် ဘယ်ဖက်မျက်လုံးတစ်ဖက်မှာ မမြင်ရ တော့ကြောင်းလည်း ပြောသည်။

ဆက်လက်ပြီး ဦးခေါင်းထဲမှကျည်စအား မထုတ်ယူနိုင်ပါက နောက်ထပ်မျက်လုံးတစ်ဖက်ကိုလည်း ကူးစက်သ သွားနိုင်မည့် အခြေအနေရှိသည်ဟု ဆရာဝန်ကပြောဆိုထားကြောင်း ဒေါ်အေးသန်းနုကဆိုသည်။

သူမ၏ ယောကျ်ားဖြစ်သူ ဦးကျော်အေးမှာလည်း ဘယ်ဖက်ခြေဖဝါး၌ လက်နက်ကြီးကျည်စဝင်ရောက် နေမှုကြောင့် ပုံမှန်လမ်းမလျှောက်နိုင်ဘဲ အလုပ်အကိုင်လည်း မလုပ်နိုင်တော့ကြောင်း သိရသည်။

“ကျွန်တော့မိန်းမမှာဆိုရင်လည်း ဦးခေါင်းမှာသံစရှိပါတယ်။ ကျွန်တော့မှာဆိုရင်လည်း ခြေထောက်နှစ်ဖက် လုံးမှာကျတယ်၊ ရင်ဘတ်မှာလည်းကျပါတယ်။ ကျန်တာတွေကောင်းသွားပြီးတော့ ဘယ်ဖက်ခြေဖဝါးမှာ သံစတွေရှိပါသေးတယ်။ အဲဒီအရာကိုခွဲစိတ်ကုသဖို့အတွက် ငွေးကြေးအခက်အခဲတွေရှိနေလို့ မခွဲနိုင်ပါဘူး” ဟု ဦးကျော်အေးက ပြောသည်။

ဦးကျော်အေးတို့ ဇနီးမောင်နှံတွင် သား၊ သမီး ရှစ်ယောက်ရှိပြီး အရွယ်မရောက်သေးသည့် ကလေးခုနှစ်ဦးနှင့် အတူ စစ်တွေမြို့ရှိ ရွှေပြည်သာဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်တိမ်းလျက်ရှိနေကြသည်။

၎င်းတို့မှာ ယခင်က ကျေးရွာ၌ ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်ကြပြီး လက်ရှိမှာ ခန္ဓာကိုယ်အတွင်း ကျည်စများရှိနေသဖြင့် အလုပ်ဆက်မလုပ်နိုင်တော့ဘဲ ဆေးကုသစရိတ်များကိုလည်း အသိမိတ်ဆွေများထံမှ ချေးယူနေရကြောင်း ပြောသည်။

“လူမှုအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေဆီကနေ အကူအညီတွေ တောင်းဆိုချင်ပါတယ်။ အဲဒီလို အကူအညီတွေပေးမှလည်း ကျွန်မခွဲထုတ်လို့ရပါမယ်။ ဒီအတိုင်းဆိုရင် ကျွန်မခွဲထုတ်လို့ မရနိုင်ဘူး” ဟု ဒေါ်အေးသန်းနုက ပြောဆိုသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...