အမ်းတွင် ဆန္ဒပြ၍တရားစွဲခံရသူ ၇ ဦးအား ငွေဒဏ်ချမှတ်

အမ်းတွင် ဆန္ဒပြ၍တရားစွဲခံရသူ ၇ ဦးအား ငွေဒဏ်ချမှတ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် တရားစွဲဆို ခံရသည့် အမ်းဒေသခံ ၇ ဦးအား ယနေ့(ဖေဖော်ဝါရီလ ၂၄ ရက်)တွင် အမ်းမြို့နယ်တစ်ရားရုံးမှ တစ်ဦးလျှင် ငွေဒဏ် ရှစ်သောင်းကျပ်စီဖြင့် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

“သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၅ ကို ဒဏ်ငွေ ငါးသောင်းကျပ် ရိုက်ပြီးတော့ ငြိမ်းစုစီအတွက် သုံးသောင်းကျပ် ရိုက်တယ်ဆိုတော့ လူတစ်ယောက်ကို ရှစ်သောင်းကျပ်စီဖြစ်သွားတာပေါ့” ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ရာတွင်ပါဝင်မှုဖြင့် ၎င်းတို့ ၇ ဦးအား အမ်းမြို့နယ် ယာယီအုပ်ချုပ်ရေးမှူး ဦးရွှေအေးက သသာဝဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေနှင့် တရားစွဲဆိုခဲ့ပြီး အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ကျောင်းဆရာ၊ ကျောင်းသူများနှင့် ဘဏ်ဝန်ထမ်းများပါဝင်ပြီး ဘေး/စီ/မံပုဒ်မမှာ အာမခံ မရသည့်အတွက် ချုပ်ရမန်နှစ်ပတ်ယူကာ ယနေ့တွင်ရုံးထုတ်ပြီး အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမ်းမြို့တွင် ဆန္ဒပြရာ၌ပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ချို့အား ဖမ်းဝရမ်းထုတ်ထားသည့်အတွက် ရှောင်တိမ်း နေရကြောင်းလည်း အမည်မဖော်လိုသည့် အမ်းဒေသခံတစ်ဦးက ပြောသည်။

“အခု ၇ ယောက်ကတော့လွတ်သွားပြီပေါ့။ ဒါပေမဲ့ ကျန်တဲ့လူတွေကိုလည်း သူတို့က လိုက်ပြီးရှာနေတယ်။ အလွတ်မပေးဘူး၊ သူတို့ ဆက်ဖမ်းအုံးမယ်ပေါ့၊ အကုန်ရှောင်နေကြတယ်” ဟု ပြောသည်။

ယင်းသို့ ဖမ်းဝရမ်းထုတ်ထားမှုများရှိ၊ မရှိကို သိလို၍ အမ်းမြို့နယ်ရဲစခန်းမှူးအား ဆက်သွယ်မေးမြန်းခဲ့ သော်လည်း အခြားကိစ္စများနှင့်အလုပ်ရှုပ်နေ၍ အမ်းမြို့နယ်ရဲအုပ် ကျော်ဇင်ဦးအား မေးမြန်းရန်သာ ပြောသည်။

အမ်းမြို့နယ် ရဲအုပ်ကျော်ဇင်ဦးအား ဆက်သွယ်ရာတွင်လည်း “ကျနော်က အပြင်ရောက်နေလို့ အဲဒီ အကြောင်းတွေမသိရသေးဘူး” ဟု ဆိုပြန်သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...