ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် တရားစွဲ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် တရားစွဲ

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် ယနေ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲဆိုပြီး အွန်လိုင်းစနစ်ဖြင့် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ယင်းအမှုကို စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမှတရားလိုပြုလုပ်ကာ တရားစွဲဆိုခြင်း ဖြစ်ကြောင်း ဦးညီပု၏ အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။

“ဒီနေ့ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်တယ်။ ကျနော်တို့က ရှေ့နေကိုယ်စားလှယ်လွှဲစာတင်တယ်။ အမှုကို ရှေ့လ ၄ ရက်နေ့ကိုချိန်းလိုက်တယ်။ အဲဒီနေ့မှာ မှုခင်းစီမံခန့်ခွဲမှုလုပ်သွားမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

ဦးညီပုအား နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုခံရခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)မှ ထုတ်ပြန်သည့်ကြေငြာချက်များနှင့်ပတ်သက်သည်ဟု သိရှိထားရကြောင်း ရှေ့နေက ပြောသည်။

မိသားစုဝင်များအနေဖြင့် ဦးညီပု ဖမ်းဆီးခံရသည့်နေ့မှ ယနေ့အထိ အဆက်အသွယ်မရရှိသေးကြောင်း သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

“ရုံးထုတ်တာကိုလည်း မသိပါဘူး။ ကျမတို့နဲ့ အဆက်အသွယ်မရပါဘူး။ ၅၀၅(ခ)နဲ့ တရားစွဲတယ်လို့ သတင်း တွေမှာတော့ဖတ်ရပါတယ်။ အဖေရဲ့ကျန်းမာရေးကို အဓိကစိတ်ပူတယ်” ဟု သူကဆိုသည်။

အမှုအား လာမည့်မတ်လ ၄ ရက်နေ့တွင် ရုံးချိန်းပေးလိုက်ပြီး ဦးညီပုအား ကျန်းမာစွာတွေ့ရကြောင်းလည်း ရှေ့နေကဆိုသည်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းစဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဖမ်းဆီး ခဲ့ပြီး ၂ ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဒုတိယအကြိမ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဖေဖော်ဝါရီလ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ စစ်ကောင်စီမှ ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခံထားရသူ ၄၆၀ ကျော်ရှိကြောင်း ဖော်ပြသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...