ဆန္ဒပြ၍ ဖမ်းဆီးအမှုဖွင့်ခံထားရသည့် မာန်အောင်ဒေသခံနှစ်ဦးကို လာမည့်အပတ်တွင် ရုံးထုတ်မည်

ဆန္ဒပြ၍ ဖမ်းဆီးအမှုဖွင့်ခံထားရသည့် မာန်အောင်ဒေသခံနှစ်ဦးကို လာမည့်အပတ်တွင် ရုံးထုတ်မည်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြ၍ ဖမ်းဆီးအမှုဖွင့်ခံထား ရသည့် ဒေသခံနှစ်ဦးကို လာမည့် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က မာန်အောင်မြို့နယ်၌ ဆန္ဒဖော်ထုတ်မှုအပြီးတွင် ဦးကျော်ဆွေနှင့် ဦးဝင်နိုင်တို့ နှစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)၊ ဘေး/စီ/မံဥပဒေပုဒ်မ- ၂၅ တို့ဖြင့် အမှုဖွင့် ထားကြောင်း မိသားစုဝင်များကပြောသည်။

ဦးကျော်ဆွေ၏ မိသားစုဝင် ဦးမောင်တင်လှိုင်က “ရှေ့ကလူတွေလဲ ခံဝန်ထိုးပေးပြီးလွှတ်ပေးထားတာပဲ။ သူတို့ကိုလဲ ခံဝန်ထိုးပေးပြီးလွှတ်ပေးစေချင်တယ်” ဟု ဆိုသည်။

အမှုဖွင့်ခံထားရသူနှစ်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ မာန်အောင်မြို့နယ် ပါတီဝင်များဖြစ် ကြကြောင်း မိသားစုဝင်များထံမှ သိရသည်။

၎င်းတို့နှစ်ဦးမှာ လက်လုပ်လက်စားများဖြစ်သည့်အတွက် ရှေ့နေငှားရမ်းရန် ငွေကြေးအခက်အခဲရှိသည်ဟု ဦးဝင်းနိုင်၏ ဇနီး ဒေါ်မျိုးမြင့်လွင်ကပြောသည်။

“ကျွန်မတို့အနေနဲ့ ဘာမှမသိတော့ ရုံးကိစ္စတွေမှာ အခက်အခဲရှိတယ်။ ရှေ့နေငှားရမယ်ဆိုရင်တောင် တော်တော်အခက်အခဲရှိတယ်” ဟု ဒေါ်မျိုးမြင့်လွင်က ဆိုသည်။

စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်းဆန္ဒပြမှုများရှိသည့် ရခိုင်ပြည်နယ်အတွင်းမှ အမ်း၊ မာန်အောင်၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့တွင် လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၁၉ ဦးအထိရှိကြောင်း မိသားစု ဝင်များနှင့် သက်ဆိုင်သူများထံမှ သိရသည်။

ယင်းသို့ ဖမ်းဆီးခံရသူများထဲတွင် အမ်းမြို့မှ ၇ ဦး၊ တောင်ကုတ်မှ ၆ ဦး၊ မာန်အောင်မှ ၂ ဦးနှင့် သံတွဲမှ ၄ ဦးတို့ ဖြစ်ကြပြီး အမ်းမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့မှ ဒေသခံ (၉)ဦးအား သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၅ နှင့် ငြိမ်းစုစီပုဒ်မ- ၁၉ တို့ဖြင့် သက်ဆိုင်ရာမြို့ရှိ ရဲစခန်းများတွင် အမှုဖွင့် ထားကြောင်း သိရသည်။

တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ဖမ်းဆီး၊ တရားစွဲဆိုခံထားရသူ ၄၆၀ ကျော်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဖေဖော်ဝါရီ ၁၇ နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...
May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...