အမ်းမြို့နယ်တွင် အမျိုးသားတစ်ဦးမိုင်းထိမှန်၍ ခြေထောက်ပြတ်သွားခဲ့ရ

အမ်းမြို့နယ်တွင် အမျိုးသားတစ်ဦးမိုင်းထိမှန်၍ ခြေထောက်ပြတ်သွားခဲ့ရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အုန်းတည်ချောင်းကျေးရွာတံတားဘယ်ဘက်ရှိ တောင်ပေါ်တွင် ယနေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) နံနက်ပိုင်းက အမျိုးသားတစ်ဦး မိုင်းထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း သိရသည်။

မိုင်းထိမှန်သွားသူမှာ အမ်းမြို့နယ်၊ သရက်ပင်ချောင်းကျေးရွာမှ အသက်(၄၂)နှစ်အရွယ် ဦးငဌေးဖြစ်ပြီး ယနေ့ နံနက်ပိုင်းက အခြားအမျိုးသားနှစ်ဦးနှင့်အတူ တောင်ပေါ်သို့ သလူရွက်ခူးရန်သွားစဉ် မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဦးငဌေးနှင့်အတူ တောင်ပေါ်သို့သွားရာတွင်ပါဝင်သည့် ဦးကျော်ဌေးက “ကျနော်တို့သုံးယောက်မှာ ငဌေးက ရှေ့ကတက်တယ်။ ကျနော်တို့က တောင်စောင်းကကျတယ်။ အဲဒီလိုသွားတုန်းမှာ မိုင်းပေါက်တာ’’ ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဦးငဌေးတွင် ညာဘက်ခြေ ဒူးအောက်မှနေ၍ ပြတ်ထွက်သွားခဲ့ပြီး လက်နှစ်ဖက် တွင်လည်း ဒဏ်ရာအချို့ရရှိသွားခဲ့သည်။ လက်ရှိတွင် ဒဏ်ရာရရှိသူမှာ ကမ်းထောင်းကြီးမြို့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရန် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိသော်လည်း တောတောင်များမပါဝင်သည့်အတွက် ရွာသူ၊ရွာသားများ အနေဖြင့် တောတောင်များသို့မသွားကြရန်လိုကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းက အသိပေးပြောဆိုထားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ဦးငဌေး၏ဇနီးဖြစ်သူ ဒေါ်လွင်လေးက “ကျမတို့က သလူရွက်တွေ ခုတ်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတာ။ အခုလိုမျိုးဖြစ်သွားတော့ မိသားစုစားဝတ်နေရေးကလည်း ရှိသေးတယ်။ အခုလည်း ဒီမြို့က ပရဟိတသမားတွေကပဲ ဆေးကုသဖို့ကူညီပေးနေတာ” ဟု ဆိုသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...