တပ်မတော်မှ အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုမှ ထုတ်ပြန်

တပ်မတော်မှ အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုမှ ထုတ်ပြန်
ရဲကျော်သူ
ရဲကျော်သူ

မြန်မာနိုင်ငံလုံးဆိုင်ရာဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုအနေဖြင့် တပ်မတော်မှ အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်းနှင့် အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒပြခြင်းကိုထောက်ခံကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

“ယခုမြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်များကျဆုံးရန် ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများကို အပြည့်အဝထောက်ခံပါသည်။ အာဏာသိမ်းသူများ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချသည်” ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင် အကြမ်းမဖက်သောနည်းဖြင့် ဆန္ဒပြသူများအပေါ် မတရားဖမ်းဆီးနှိပ်စက်ပြီး သွေးမြေကျစေနိုင်မည့် လုပ်ရပ်များ မပေါ်ပေါက်လာရေးအတွက် တတ်နိုင်သည့်နည်းဖြင့် ဝင်ရောက်တားဆီးပေးရန်နှင့် အာဏာသိမ်းယူထားသော စစ်အာဏာရှင်များအား ထိရောက်သော အရေးယူမှုကို ဆောင်ရွက်ပေးရန်တို့ကိုလည်း တောင်းဆိုထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်းအားစုမှ ဦးဘိုယော်က “လက်ရှိကျနော်တို့က မြန်မာနိုင်ငံသားတွေဖြစ်တဲ့ တိုင်းရင်းသားတွေလည်း အဲဒီထုတ်ပြန်ထားတဲ့ကြေညာချက်ပါအတိုင်း သဘော ထားတစ်ထပ်တည်းရှိတယ်ဆိုတာ အများသူငှာသိဖို့အတွက်ထုတ်ပြန်ထားတာဖြစ်ပါတယ်” ဟု ဆိုသည်။

“ဌာနေတိုင်းရင်းသားများသည် ခေတ်အဆက်ဆက် အာဏာရှင်များလက်အောက်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်တွင် ပေါ်ပေါက်လာသောအစိုးရအဆက်ဆက်တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုခံရခြင်း၊ သဘာဝ အရင်းအမြစ်လုယူမှုဒဏ်ကို ခံခဲ့ရသူများဖြစ်သည်သာမက ပြည်တွင်းစစ်၏ဒဏ်ကို ဆယ်စုနှစ်များစွာ ခံခဲ့ရပြီး လူအခွင့်အရေး ဆုံးရှုံးနေသည့်သူများဖြစ်သည်”ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုင်းရင်းသားပြည်သူလူထုမှ ရေးဆွဲသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပေါ်ထွက်လာမှသာ တိုင်းရင်းသားများ ဘဝလုံခြုံမှုဖြင့် ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုက ဆိုထားသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...