ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို နေအိမ်မှ ထပ်မံ လာရောက်ဖမ်းဆီးခေါ်ဆောင်

ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို နေအိမ်မှ ထပ်မံ လာရောက်ဖမ်းဆီးခေါ်ဆောင်

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်းထွေးမြင့်ကို စစ်တပ်က နေ့လည် ၂ နာရီ အချိန်တွင် နေအိမ်မှ ဖမ်းဆီခေါ်ထုတ်သွားသည်ဟု နီးစပ်သူများက ပြောသည်။

သို့သော် ဝန်ကြီးချုပ်ကို မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ယနေ့မွန်းလွဲ ၁း၄၅ နာရီတွင် တပ်နှင့်ရဲကားး ၃ စီး ဝန်ကြီးချုပ်အိမ်ဝင်းထဲ ဝင်ရောက်လာပြီး ထွက်ခွာသွားသည် ဟုလည်း ဆိုကြသည်။

ယနေ့နံနက်က အင်အား တစ်သိန်းနီးပါးရှိ ဖားအံမြို့ခံများက စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ ချီတက် လမ်းလျှောက်ချိန်တွင် ဝန်ကြီးချုပ်က အကျယ်ချုပ်ထားသည့် ဝန်ကြီးအိမ်ရာဝင်းရှိ နေအိမ်ထဲမှ ပါတီအလံကို ဝှေ့ရမ်းပြီး ကမ္ဘာမကျေဘူး သီချင်းကို ဖွင့်ရင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လိုက်ဖ်လွှင့်ခဲ့သေးသည်။

ထို့အပြင် ယနေ့ မနက်ပိုင်းကလည်း ပြည်သူလူထုကို CDM ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြရန် တိုက်တွန်းသည့် ရုပ်သံအမှာစကားလည်း ဝန်ကြီးချုပ်က လူမှုကွန်ရက်စာမျက်နှာမှ ပြောကြားခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုလည်း ဆန္ဒပြပြည်သူများကို ဖုန်းဖြင့်မိန့်ခွန်းပြောသဖြင့် ပြန်လည် အဖမ်းခံရသည်ဟု သိရသည်။

ယနေ့သည် မြန်မာစစ်တပ်၏ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သော (၈) ရက် ပြည့်မြောက်သည့်နေ့ဖြစ်သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...