KNP ကို အစိုးရအဖွဲ့တွင်တာဝန်ပေးရန် ကမ်းလှမ်းလာသော်လည်း ငြင်းဆန်ခဲ့ဟုဆို

KNP ကို အစိုးရအဖွဲ့တွင်တာဝန်ပေးရန် ကမ်းလှမ်းလာသော်လည်း ငြင်းဆန်ခဲ့ဟုဆို
by -
စောထွန်းလင်း (KIC)

ကရင်အမျိုးသားပါတီကို အစိုးရအဖွဲ့တွင်ပါဝင်ရန် ကြားလူမှတဆင့် ဖေဖော်ဝါရီ ၄ ရက်တွင် ကမ်းလှမ်းလာသော်လည်း ငြင်းဆန်ထားကြောင်း ကရင်အမျိုးသားပါတီ KNP တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

 

"မနေ့က ပြောလာတယ်။ အစိုးရအဖွဲ့ထဲ (နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ) မှာ ပါဖို့ကမ်းလှမ်းတာပါ။ ကျွန်တော့်အထင် တိုင်းအဆင့်ထင်ပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲကတည်းက ပါတီဝင်တွေ အားကုန်ပြီး အချိတ်အဆက်လည်းနည်းနေတယ်။ ပြောရမယ်ဆို လုပ်ဖို့ အင်အားနည်းနေတော့ အဆင့်သင့်မဖြစ်တဲ့အကြောင်း ပြောလိုက်တယ်" ဟု ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 

လက်ရှိ တခြားကရင်ပါတီတစ်ခုဖြစ်သည့် KPP ဥက္ကဌ စောထွန်းအောင်မြင့်သည် နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ အစိုးရအောက် တိုင်းရင်းသား ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

KNP သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ဝင် ပါတီတစ်ခုဖြစ်ပြီး အဖွဲ့ဝင် အခြားတိုင်းရင်းသားပါတီအချို့လည်း အစိုးရအဖွဲ့တွင်ပါဝင်ရန် ကမ်းလှမ်းလာသော်လည်း ငြင်းဆန်ထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...