နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ပဒိုမန်းငြိမ်းမောင်ပါဝင်လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ပဒိုမန်းငြိမ်းမောင်ပါဝင်လာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ထုတ်ပြန်လိုက်သော အမိန့်အရ ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပဒိုမန်းငြိမ်းမောင် အနေဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်ကြောင်းသိရသည်။

အဆိုပါထုတ်ပြန်လိုက်သည့် အမိန့်ကြေငြာချက်နှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန်အတွက် ပဒိုမန်း ငြိမ်းမောင် အား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “ သတင်းနဲ့ပတ်သက်ပြီးဘာမှမပြောချင်ဘူးလေ” ဟုသာ  ပြန်လည်ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဖွဲ့စည်းလိုက်သည့် ၁၁ ဦးပါဝင်သည့်နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ပါဝင်သည်။

ထို့အပြင် အဖွဲ့ဝင် ၇ ဦးတွင် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ပါဝင်ကြောင်း ထုတ်ပြန်ထားသည့် အမိန့်ကြေငြာချက်အရသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်ပါဝင်လာသည့် ပဒိုမန်းငြိမ်းမောင်မှာ ယခင်က KNU -ကရင် အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကာ ပြီးခဲ့သည့် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ -KPP ကိုယ်စားပြုပြီး ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သူလည်းဖြစ်သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...