ပြည်နယ်ဝန်ကြီးများအိမ်ရာနှင့် လွှတ်တော်ရုံးကို စစ်တပ်ကင်းချထား မြို့တွင်း ပုံမှန်သွားလာ

ပြည်နယ်ဝန်ကြီးများအိမ်ရာနှင့် လွှတ်တော်ရုံးကို စစ်တပ်ကင်းချထား မြို့တွင်း ပုံမှန်သွားလာ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအိမ်ရာဝင်းနှင့် ပြည်နယ်လွှတ်တော်ဝင်းကို ယနေ့ (ဖေဖော်ဝါရီလ ၁ရက်) မနက်တွင် မြန်မာစစ်တပ်က လုံခြုံရေးလာရောက်ချထားလိုက်ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ သူမြို့ခံများက ပြောသည်။

မြို့ခံတစ်ဦးက “ကျနော်ဖြတ်သွားလို့ တွေ့တာကတော့ ဝန်ကြီးတွေအိမ်ရာကို သံတံခါးတွေ အလုံပိတ်ထားတယ်။ အဝ မှာ စစ်သားတွေ စောင့်နေတယ်။ လွှတ်တော်ရုံးကလည်း အဲလိုပဲ။ ကျန်တဲ့လမ်းတွေကတော့ ပုံမှန်ပဲ သွားလာနေ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့မနက်တွင် သိရှိရသည့် သတင်းများအရ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တက်ကြွလှုပ်ရှားသူတချို့ကိုလည်း စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့လည်း ညဉ့်နက်ပိုင်းကတည်းက ထိန်းသိမ်းခဲ့ သည်ဟု သိရသည်။

ထိုအခြေအနေများနှင့် ဆက်စပ်၍ ဆက်သွယ်ရေးလိုင်းများလည်း ဖြတ်တောက်ထားသည့်အပြင် မြန်မာ့ရုပ်မြင်သံကြား (MRTV)နှင့် မြန်မာ့အသံ ရေဒီယို အစီအစဉ်များ ပုံမှန် ထုတ်လွှင့်နိုင်မှု မရှိသေးကြောင်း အသိပေးထားမှုရှိနေသည်။

သို့သော် တပ်မတော်သတင်းမှန် ပြန်ကြားရေး သတင်းစာမျက်နှာ၏ ဇန်နဝါရီလ ၃၁ရက်နေ့က ထုတ်ပြန်သည့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်ထဲတွင် “တပ်မတော်သည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ မြန်မာ ပြည်သူပြည်သား အားလုံး သာယာ၀ပြောရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)က ချမှတ်ထားသည့် လွတ် လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာ ဒီမိုကရေစီစံနှုန်းများကို လိုက်နာရေး ဖြစ်နိုင်သမျှသော လုပ်ဆောင်မှု များကို ဆောင်ရွက်သွားမည်ဖြစ်သည်”ဟု ဖော်ပြထားသည်။

အလားတူ ယနေ့မနက် ထုတ်လွှင့်သည့် မြ၀တီရုပ်သံသတင်း၌ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကို မဖြေရှင်း ခြင်းနှင့် နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြားစေခြင်းတို့ကြောင့်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ်၊ ပုဒ်မ(၄၁၇) အရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ တစ်နှစ် ကြေညာလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ (၁)ရက်နေ့သည် တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ခေါ်ယူမည့်နေ့လည်း ဖြစ် သည်

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...