ရွေးကောက်ခံ ရန်ကုန်ကရင်ရေးရာကိုယ်စားလှယ်မှ စစ်ဘေးရှောင်များထံ ကူညီထောက်ပံ့မှုပစ္စည်းများပေးပို့ မည်

ရွေးကောက်ခံ ရန်ကုန်ကရင်ရေးရာကိုယ်စားလှယ်မှ စစ်ဘေးရှောင်များထံ ကူညီထောက်ပံ့မှုပစ္စည်းများပေးပို့ မည်

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သည့် စစ်ရေးတင်းမာမှုအခြေအနေများကြောင့် တော တောင်များထဲတွင် ယနေ့အထိထွက်ပြေးတိမ်းရှောင်နေရသည့်ဒေသခံများအတွက် ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ခံ ကရင့်ရေးရာကိုယ်စားလှယ် နော်စူစဲန်နာလှလှစိုးနှင့် စေတနာရှင်များမှ ကျပ်ငွေသိန်းတစ်ရာ ကျော်တန်ဘိုးရှိ ထောက်ပံ့မှုပစ္စည်းများကိုပေးပို့လှူဒါန်းသွားမည်ဟု သိရသည်။

ရွေးကောက်ခံ ကရင်ရေးရာကိုယ်စားလှယ် နော်စူစဲန်နာလှလှစိုးက “ကျမကတော့ ကျမတို့လူမျိုးတွေ အဲဒီလို ဒုက္ခရောက်နေတယ်။ လိုအပ်မှုတွေရှိနေတယ်လို့ ကူညီဖို့အကြောင်းကြားတဲ့အခါမှာ ကျမအနေနဲ့တတ်နိုင်သ လောက်ပေါ့။ အဲဒီအတွက် ပန်းချီကားတွေရောင်းလို့ရတာနဲ့ တခြားအလှူရှင်တွေ လှူဒါန်းတဲ့ဟာတွေ စုပြီးပေးပို့ဖြစ်တာဖြစ်တယ်”ဟု ပြောသည်။

စစ်ဘေးရှောင်များအတွက် ၎င်းရေးဆွဲထားသည့် ပန်းချီကားရောင်းချရငွေများအပါအဝင် စေတနာရှင်များ၊ ဆေးရုံနှင့် ဘုရားကျောင်းများမှလှူဒါန်းသည့် ပစ္စည်းများဖြစ်သည့် စောင်၊ အနွေးထည်၊ ခေါက်ဆွဲခြောက်၊ ဆေးဝါးများအပြင် Fed well Ltd မှ လှူဒါန်းသည့် ဆန်နှင့်ပဲအသင့်ပါဝင်သည့် အထုပ် ၄၀၀ ကိုပေးပို့သွား မည်ဖြစ်သည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအတွက် အကူအညီများပေးနိုင်ရေး ပြည်တွင်းရှိ ကရင်လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုကော်မတီများ၊ ကရင်ရေးရာဝန်ကြီးများမှ တစ်ဦးချင်းဖြစ် စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ တာဝန်ယူကာ အလှူငွေနှင့်ထောက်ပံ့မှုပစ္စည်းများ လှူဒါန်းရေး တိုက်တွန်း နှိုးဆော်မှုများလည်း ပြုလုပ်နေကြသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် -NCA လက်မှတ်ရေး ထိုးထားကြသော်လည်း KNU -ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့်မြန်မာ့ တပ်မ တော်တို့ မကြာသေးမီက ပြန်လည်ဖြစ်ပွားလာသည့် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့်အခြေအနေဖြစ်ပေါ်နေဆဲလည်းဖြစ်သည်။

“ NCA လည်းထိုးထားကြတယ်။ နောက်ပြီးကျောက်ကြီးဆိုတာက ကျေးရွာတွေမှာဘက်စုံဖွံ့ဖြိုးရေးတွေ၊ မြေမြုပ်မိုင်းနဲ့ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးဘာညာအကုန်လုပ်ပြီးပြီ။ အခုပြန်ဖြစ်တယ်ဆိုတော့ အန်တီတို့လည်း စိတ်မကောင်းဘူး။ ပစ်ခတ်တာတွေချုပ်ငြိမ်းစေချင်တယ်။ လူတွေလည်းခံစားရတာများ နေပြီ။ အမြန်ဆုံးအဖြေရှာပြီး ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်ပါစေလို့ပဲ တိုက်တွန်းပါတယ်” ဟု နော်စူစဲန်နာ လှလှစိုးက ပြောသည်။

စစ်ဘေးရှောင်များအတွက် ရွေးကောက်ခံ ရန်ကုန်ကရင်ရေးရာကိုယ်စားလှယ်ထံမှတစ်ဆင့် ယနေ့အထိရရှိထားသည့် အဆိုပါ ကူညီထောက်ပံ့မှုပစ္စည်းများကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျောက်ကြီးမြို့သို့ ပေးပို့သွားမည်ဖြစ်ပြီး စစ်ဘေးရှောင်များအတွက် အကူအညီပေးမည့်အဖွဲ့များထံ လွှဲအပ်သွားမည်ဟုလည်း သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...