ရိခေါ်ဒါရ်မြို့တွင်ဒေသအတွင်း ကိုဗစ်ကူးစက်မှုကြောင့် Stay At Home အဖြစ်သတ်မှတ်

ရိခေါ်ဒါရ်မြို့တွင်ဒေသအတွင်း ကိုဗစ်ကူးစက်မှုကြောင့် Stay At Home အဖြစ်သတ်မှတ်

နှင်းနှင်း - အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့တွင် ဒေသအတွင်းကိုဗစ်ကူးစက်မှုကြောင့် ဇန်နဝါရီလ (၁၇) ရက်နေ့မှစပြီး Stay At Home အဖြစ်သတ်မှတ်လိုက်ကြောင်း ရိခေါ်ဒါရ်မြို့ ပြန်ဆက်ဦးစီးမှုး ဦးလာလ်ပ က်လောမ် ကပြောသည်။

“ကျန်းမာရေးဌာနကဖြစ်ဖြစ် အထက်ဌာနကနေညွှန်းကြာချက်သတ်သတ်မှတ်မှတ်မရှိပါဘူး။ အခုေ ဒသအတွင်းမှာကိုဗစ်တွေ့တဲ့သူရှိတာကြောင့်ဒေသခံပြည်သူတွေ၊ လူငယ်တွေကစိတ်ပူလို့ စီစဉ်လုပ် ဆောင်ကြတာပါ၊ အခုကပိုးတွေ့လူနာ(၅)ယောက်ပဲရှိသေးတယ်ဆိုတော့သူတို့နဲ့ထိစပ်တဲ့သူတွေကို လည်း Home Quarantine ထားခဲ့ပြီးပြီး ရောဂါကခုစစ်ဆေးနေတုန်းဆိုတော့ အဖြေလည်းမသိရေ သးဘူးကူးစက်မှုနှုန်းကလည်းမသိရသေးတော့ အထက်ကိုတင်ပြဖို့မရှိသေးဘူး၊သူတို့က ဇန်နဝါရီ ၁၇ ရက်ကနေ ၂၈ရက်ထိ သတ်မှတ်ကြတယ်။” ဟု ဦးလာလ်ပက်လောမ်ကပြောသည်။

ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံရှိ တာဝန်ခံဆရာဝန်နှင့်ဆေးရုံဝန်ထမ်းအချို့ ကိုဗစ်ကူးစက်ခံရသဖြင့် လက်ရှိတွင် ဆေးရုံမှာ ခေတ္တယာယီပိတ်ထားရပြီး ပိုးတွေ့လူနာများနှင့်ထိစပ်သောကျန်းမာရေးဝန်ထမ်း များ၏ဓာတ်ခွဲနမှုနာများထပ်မံ စစ်ဆေးရန်အတွက် တီးတိန်းမြို့ကို ပို့ဆောင်သွားမည်ဟုသိရှိရသည်။

ရိခေါ်ဒါရ်မြို့တွင် ပြည်သူများ ကျန်းမာရေးပြုစုစောင့်ရှောက်နိုင်ရေးအတွက် ဖလမ်းမြို့ပြည်သူ့ ဆေးရုံမှမြို့နယ်သူနာပြုဆရာမကြီးတစ်ဦး ၊ဇောင်သဲကျေးရွာမှ ကျန်းမာရေးမှုးတစ်ဦးနှင့်ကျန်းမာ ရေးဝန်ထမ်း သူနာပြုများ ယာယီတာဝန်ထမ်းဆောင်နေကြောင်းသိရသည်။

လက်ရှိအချိန်ထိ ရိခေါဒါရ်မြို့တွင် ကိုဗစ်ကူးစက်ခံရသူ ၅ဦးရှိပြီး၊ ဆေးရုံတွင် ကွာရန်တင်းဝင်နေသူ ၁၃ဦး ပိုးတွေ့လူနာများနှင့် ထိတွေ့မှုကြောင့် အသွားအလာကန့်သတ်ထားသူ ၃၀ဦးရှိကြောင်းသိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...