ဟားခါးမြို့ Nawi Dam စီမံကိန်းနှင့်ပတ်သက်သော အချက်အလက်များ တိကျရှင်းလင်းစွာမချပြနိုင်သရွှေ့အစမပြုရန် ချင်းအရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်တောင်းဆို

ဟားခါးမြို့ Nawi Dam စီမံကိန်းနှင့်ပတ်သက်သော အချက်အလက်များ တိကျရှင်းလင်းစွာမချပြနိုင်သရွှေ့အစမပြုရန် ချင်းအရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်တောင်းဆို

လားနွန် - ဟားခါးမြို့တွင် Nawi ချောင်းဆည်တည်ဆောက်မည့်စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများ သိရှိအပ်သော အချက်အ လက်များအား တိကျရှင်းလင်းစွာချပြခြင်း မပြုနိုင်သေးသရွေ့ စီမံကိန်းအစမပြုရန် ချင်းအရပ်ဘက်မှုအဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့အစည်းပေါင်း ၄၈ ဖွဲ့က ချင်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဇန်နဝါရီလ ၁၄ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြသည်။

Nawi ဆည်စီမံကိန်းသည် ရေရှည်တွင်ဒေသခံများအတွက် ကောင်းကျိုးထက် ဆိုကျိုးဖြစ်လာမည်ကို စိုးရိမ်ရသောကြောင့် အစိုးရအဖွဲ့ထံသို့ အိတ်ဖွင့်စာပေးရခြင်းဖြစ်သည်ဟု ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့ အစည်းများ မှ ပြောရေးဆိုခွင့်ရှိ ဆလိုင်းဗျက်လျန်ထန်ကပြောသည်။

“ကျနော်တို့ ရည်ရွယ်ချက်ကတော့ အကောင်းဖက်ကိုရည်ရွယ်ပေမဲ့ ဒီ Nawl Dam တည်ဆောက်ခြင်းအားဖြင့် ကျနော်တို့ နောင်နှစ် ၁၀ – ၂၀ မှာ ကျနော်တို့အတွက် ကောင်းကျိုးမဟုတ်ဘဲနဲ့ ဆိုးကျိုးများဖြစ်ပေါ်လာစေမလား ကျနော်တို့ စိုးရိမ်တယ် အဲဒါကြောင့် ကျနော်တို့ ပြောတဲ့အချက်အလက်တွေကို အတိအကျ မချပေးသရွေ့ ဒီစီမံကိန်းကို မဖော်ဆောင်ပေးဖို့ ကျနော်တို့ အိတ်ဖွင့်စာပေးရခြင်းဖြစ်ပါတယ် ကန့်ကွက်တယ်ဆိုတာတော့မပါသေးဘူး သူတို့ Nawl Dam ကလုပ်သင့်မလုပ်သင့်ကို ကျနော်တို့ ပြည်သူအစိုးရလို့ အားကိုးပြီးသဘောထားတဲ့အစိုးရက ဒီစီမံကိန်းကို ဖော်ဆောင်တဲ့ အခါမှာ ပြည်သူနဲ့ ဆန့်ကျင်ဖက်မဟုတ်ဘဲနဲ့ ပြည်သူနဲ့အတူ ပြည်သူရဲ့ အသံကို ဆင်ခြင်ပြီးတော့မှ သူတို့လုပ်ဆောင်မယ်လို့ကျနော်တို့ယုံကြည်တယ်” ဟု ဆလိုင်းဗျက်လျန်ထန်ကပြောသည်။

ဟားခါးမြို့၏ မြေခိုင်မာမှုအနေအထားနှင့် မြေမျက်နှာသွင်ပြင် အပြောင်းအလဲများ ၂၀၁၅ ခုနှစ် ကိုမန်ဆိုင်ကလုန်းကြောင့် ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုအနေအထားကို ထောက်ရှုသော်လည်းကောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာပညာရှင်များ၏ ဆန်းစစ်အကြံပြုချက်များကို ထောက်ရှုလျှင်သော်လည်းကောင်း၊ Nawi Dam စီမံကိန်းကြောင့် ဖြစ်လာနိုင်သည့် သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုမည်မျှကြီးမားနိုင်သည်ကို ခန့်မှန်းနိုင်သည်ဟု အဆိုပါအိပ်ဖွင့်ပေးစာ တွင်ထောက်ပြထားသည်။

ထို့ကြောင့် ချင်းပြည်နယ်အစိုးရအနေဖြင့် Nawi ချောင်းဆည်စီမံကိန်း၏ အဓိကရည်ရွယ်ချက်၊ Initial Environmental Exami nation, Environmental Impact Assessment နှင့် Social Impact Assessment, Nawi Dam project design အသုံးပြုရန်လျာထားသည့် ဘဏ္ဍာငွေပမဏ စသည့် ပြည်သူများသိအပ်သောအချက်အလက်များကို ပြည့်စုံစွာ ပြည်သူလူ ထုထံ အရင်ချသင့်သည်ဟု ယင်းအိပ်ဖွင့်ပေးစာတွင်ဆက်လက်ဖော်ပြထားသည်။

ဟားခါးမြို့နယ်အတွင်း လူဦးရေ (၅) သောင်းကျော်ရှိပြီး  မြို့ပေါ်နေလူဦးရေ (၃) သောင်းခန့်ရှိပြီး ဆက်လက်တိုးလာ ဖွယ်ရှိသည့်အတွက် မြို့နေပြည်သူများသောက်သုံးရေလုံလုံလောက်လောက် ရရှိနိုင်ရေးအတွက် Nawi ချောင်းဆည်တ ည်ဆောက်ရေးစီမံကိန်းကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက် “ဒါကတော့ ကျနော်တို့ ဒေသခံတွေနဲ့ ပြေပြေလည်လည်တွေ့ဆုံဆွေးနွေးရမယ့်အနေအထားပါ ပြည်သူတွေလည်းပြောဖို့ရှိတယ် ဒေသခံတောင်သူ တွေနဲ့လည်း ပြောဖို့ရှိတယ် တောင်သူတွေပြောသလို့ အရမ်းကြီး ဥပက္ခာပြုပြီးတော့ နစ်နာဆုံးရှုံးမယ့် စီမံကိန်းတော့ မဟုတ်ဘူး ဒေသအကျိုးအတွက်ကို သေချာစဉ်းစားပြီးမှ လုပ်ရမယ့် အစဉ်အစီပါ ကျနော်တို့လည်း ဒေသခံ အဲဒီ Nawi  Dam လုပ်မယ့်နေရာမှာပါတဲ့ တောင်သူတွေနဲ့ ထပ်ပြီးတော့ တွေ့ဖို့တော့ ရှိတယ် နောက်ပြီးတော့ ဒီအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ရှိတယ် လောလောဆယ်တော့ ကျနော်တို့ တွေ့မှပဲ မှတ်ချက်ပေးပါမယ်” ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် Nawi ချောင်းဆည်ရေလှောင်တမံစီမံကိန်းအတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း (၂၀၀၀) လျာထားပြီး ၂၀၂၁ ခုနှစ် တွင် စတင်တည်ဆောက်ရန် ပြင်ဆင်နေသည်ဟုသိရသည်။

Nawl ချောင်းဆည် စီမံကိန်းဧရိယာတွင် လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်မြေဧက လေးဆယ်ခန့်ရှိပြီး လယ်ပိုင်ရှင်တောင်သူများကတော့ ယင်းစီမံကိန်းကို ကန့်ကွက်ခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ သြဂုတ်လ ၂၀၂၀ တုန်းကလည်း ကန့်ကွက်စာပေးပို့ခဲ့ဖူးကြောင်းသိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...