ရွေးကောက်ပွဲတွင် ကယားတစ်ပြည်နယ်က ဆန္ဒမဲလာပေးသူ ၇၆ ရာခိုင်နှုန်းဖြင့် မဲပေးသည့်ရာခိုင်နှုန်း အဆင့်ငါးနေရာတွင်ရှိ

ရွေးကောက်ပွဲတွင် ကယားတစ်ပြည်နယ်က ဆန္ဒမဲလာပေးသူ ၇၆ ရာခိုင်နှုန်းဖြင့် မဲပေးသည့်ရာခိုင်နှုန်း အဆင့်ငါးနေရာတွင်ရှိ
by -
နော်ဒွေးအယ်ခူ (KT)

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကယားတစ်ပြည်နယ်လုံး ဆန္ဒမဲလာပေးသူ ၇၆ ရာခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဒီဇင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ကယားတစ်ပြည်နယ်လုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၁၂၉၁၆ ဦးရှိပြီး ဆန္ဒမဲလာပေးသူ ၁၆၂၈၇၅ ဦးရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးသည့်ရာခိုင်နှုန်းအများဆုံး အဆင့် ငါးနေရာတွင်ရှိကြောင်း သိရသည်။

ကယားပြည်နယ်တွင် မြို့နယ်အလိုက် မဲပေးသည့်ဦးရေမှာ လွိုင်ကော်မြို့နယ်တွင် ၁၀၀၂၆၇ ဦး ဆန္ဒမဲပေးပိုင်ခွင့်ရှိရာ၌ ၇၅၇၅၇ ဦး၊ ဒီးမော့ဆိုမြို့နယ်တွင် ၅၆၆၇၄ ဦး မဲပေးပိုင်ခွင့်ရာ၌(၄၅၉၆၅) ဦး၊ ဖရူဆိုမြို့နယ်တွင် ၁၉၉၅၃ ဦး မဲပေးခွင့်ရှိရာ၌ ၁၄၆၇၉ ဦး၊ ရှားတောမြို့နယ်တွင် ၅၆၂၈ ဦး မဲပေးခွင့်ရှိရာ၌ ၄၃၁၂ ဦး၊ ဖားဆောင်းမြို့နယ်တွင် ၁၆၉၁၂ ဦး မဲပေးခွင့်ရှိရာ၌ ၁၀၅၀၇ ဦး၊ ဘောလခဲမြို့နယ်တွင် ၈၂၀၇ ဦး မဲပေးခွင့်ရှိရာ၌ ၇၂၀၂ ဦး၊ မယ်စဲ့မြို့နယ်တွင် ၅၂၇၅ ဦး မဲပေးခွင့်ရှိရာ၌ ၄၄၃၄ ဦးရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဒီဇင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာပြီးနောက် မဲဆန္ဒရှင်များ၏ တင်ပြလျှောက်ထားချက်များအပေါ် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးက ဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြင်ဆင်ဖြည့်စွက်မှုပြုလုပ်ခဲ့ကာ နောက်ဆုံးမဲစာရင်းအရ တစ်နိုင်ငံလုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိဦးရေသည် ၃၈၂၇၁၄၄၇ ဦးဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၇၈၃၁၆ ဦးရှိခဲ့ပြီး ဆန္ဒမဲလာပေးသူ ၁၄၂၅၉၂ ဦးရှိကာ  ရာခိုင်နှုန်းအားဖြင့် ၇၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...