ရွေးကောက်ပွဲအလွန် သတင်းအမှားတွေဖြန့်တဲ့ Youtube Channel တွေများလာ

ရွေးကောက်ပွဲအလွန် သတင်းအမှားတွေဖြန့်တဲ့ Youtube Channel တွေများလာ
by -
NMG

သတင်းအမှားတွေကို ရုပ်သံအဖြစ်ဖန်တီးကာ ထုတ်လွှင့်နေတဲ့ Youtube Channel တွေဟာ ရွေးကောက်ပွဲ အလွန်ကာလမှာဆိုရင် ရွေးကောက်ပွဲရလဒ်နှင့်ဆိုင်တဲ့ သတင်းအမှားတွေ၊ UEC နှင့်ပတ်သက်တဲ့ သတင်းအမှား၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနှင့် သက်ဆိုင်တဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ရည်ရွယ်ချက်ချက်ရှိရှိ ဖန်တီးလာတာကို တွေ့ရမှာဖြစ်ပါတယ်။

လက်ရှိ အချိန်အထိ လေ့လာတွေ့ရှိချက်အရ သတင်းအမှား တော်တော်များများကို ထုတ်လုပ်နေတဲ့ yout ube Channel တွေကတော့ Top MM Channel၊ Today Top MM Channel၊ Opera Entertaim ent ment၊ Opera Military၊  Yangon FM၊ POLITICAL MEDIA၊ Myanmar Life Channel၊ Burmese Voice၊ S&T Voice Channel၊ Burmese Political အစရှိတဲ့ youtube channel တွေပဲဖြစ် ပါတယ်။ ဒါ့အပြင် ဒီထက်မကလည်း ရှိနေနိုင်ပါသေးတယ်။

သတင်းအမှားတွေကိုဖော်ပြနေတဲ့ Youtube Channel တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ MPC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်ကတော့ အခုလိုပြောပါတယ်။

ဦးမြင့်ကျော်က “ပြီးခဲ့တဲ့လပိုင်းတွေမှာ MPC က ထုတ်ပြန်တာကတော့ လအနည်းငယ်ကြာသွားပြီပေါ့ ကြာသွားပြီ ဒီကာလကြားထဲမှာ Youtube က သတင်းအမှားတွေ/သတင်းတုတွေ လုပ်ကြံသတင်းတွေပေါ့ အဲဒီဟာတွေက ပလက်ဖောင်းဖြစ်လာတာ သတိထားမိတယ်။ သတိပြုမိတယ်။ အဲဒီဟာနဲ့ပါတ်သက်တဲ့ စာရင်းတွေလည်း ဖြည့်စွတ်တာတွေရှိတယ်။ ဒါပေမယ့် မထုတ်ပြန်နိုင်သေးတာရှိတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ မထုတ် ပြန်နိုင်သေးတာ အဲဒီလို ဆိုဒ်တွေဖြစ်လာတာတော့ သတိပြုမိတယ် ဘာဖြစ်လို့လဲ ဆိုတော့ Faceb ook က နောက်ပိုင်းမှာ ဒီ Fake News Site တွေကို ဖြုတ်ချတဲ့ဟာတွေ ဖြစ်လာတော့ ဒီမှာ Youtube ဖက်ကို ပြောင်းတဲ့သဘောရှိတယ်။ Youtube ကပိုင်တဲ့ကုမ္ပဏီနဲ့ ဒီမြန်မာနိုင်ငံနဲ့ကြားမှာ ဘာမှာ ဆွေးနွေးတဲ့ဟာမျိုးတို့ မရှိထားတော့ Youtube က အဲဒီအတွက် လောလောဆယ်မှာ အခွင့်သာတဲ့ သဘော မျိုး ကြောင့် Youtube ဖက်ကို သွားကြတယ်လေ။ နောက်တစ်ခုက Youtube ဖက်မှာ Monetiza tion လည်း ရှိတယ်လေ ရမယ့်ဟာလည်းရှိတယ်ဆိုတော့ ရည်ရွယ်ချက်တော့ ၂ မျိုးလုံးဖြစ်နိုင်ပါတယ်။ ပိုက်ဆံ ဖက်ကို လည်း ဝါဒ ဖြန့်ဖို့ သက်သက်လည်းဖြစ်နိုင်တယ်။ နောက် တစ်ချို့ဟာတွေက ပိုက်ဆံရတဲ့ ဆက်စပ်နဲ့ အဲလိုမျိုး နဲ့ ရည် ရွယ်ချက်နဲ့ တခြားသောဟာတွေ လုပ်နေတာလည်းသတိထားမိတယ်။ ဒါပေမယ့် အဲလို ရှေ့လာမယ့် ထုတ် ပြန်တဲ့ဟာကျရင်တော့ ကောင်စီက Youtube နဲ့ ပတ်သက်တဲ့ဟာတွေလည်း ပါ မှာပါ ကျ နော်တို့ လည်း သတိပြုမိတယ်။” လို့ပြောပါတယ်။

ဒီလိုအနေအထားမျိုးမှာ Youtube လိုမျိုး ဆိုရှယ် မီဒီယာပလက်ဖောင်းကို ထိန်းချုပ်တာထက် ဒီလို Chan nel တွေနဲ့ ပတ်သက်ပြီး လူထုတွေကို အသိပေးသွားဖို့ရှိတယ်လို့ ဦးမြင့်ကျော်က ဆက်ပြောပါတယ်။

ဦးမြင့်ကျော်က “ကျနော်တို့ကတော့ ထိန်းချုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်တော့ မရှိပါဘူး။ ကောင်စီအနေနဲ့ကတော့ အများပြည်သူ အသိပေးတဲ့ ဒီဟာမျိုးတွေက သတင်းဌာနတွေ မဟုတ်ဘူးဆိုတော့ အခု အဲဒီမှာ American News လိုဟာ မျိုး Global News လိုဟာမျိုး နောက် Opera Entertaimentment တွေ အဲလိုဟာမျိုးတွေ သူတို့တွေ လအနည်းငယ်အတွင်းမှာပဲ Likes တွေ subscribe တွေ အများကြီး ရနေကြပြီးတော့ အဲလို သတင်း အမှားတွေ ဖြန့်ချီနေတာကိုလည်း တော်တော်လေး အရှိန်တက်လာနေတာ သတိထား မိတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ကောင်စီအနေနဲ့ကတော့ ထိန်းချုပ်တယ် ဆိုတဲ့ဟာမျိုးတော့ လုပ်ပိုင် ခွင့်မရှိဘူးပေါ့ဗျား။ အများပြည်သူ အသိပေးတဲ့ဟာမျိုး ဒီဟာတွေကတော့ လုပ်သွားဖို့ရှိတာပေါ့” လို့ပြောပါတယ်။

ဒီ Youtube Channel တွေဟာ လူတွေစိတ်ဝင်စားစေတဲ့ ခေါင်းစဉ်တွေကိုတပ်ပြီး တကယ့်မြေပြင်မှာ အမှန်မဟုတ်တဲ့ အချက်အလက်တွေကို ထည့်သွးပြီးတော့ ဗီဒီယိုတော်တော်များများကိုပြုလုပ်ကာ သတင်းအမှားတွေကို ဖြန့်ဝေနေတဲ့ Channel တွေပဲဆိုတာကို တွေ့ရပါတယ်။

ဒီလိုပုံစံမျိုးစုံနဲ့ သတင်းအမှားတွေကို တွေ့ရတဲ့အတွက် Facebook မှာသာမက Youtube မှာ တင်ထားတဲ့သတင်းတွေကိုပါ ချင့်ချိန်ပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...