သတင်းအမှားကို သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းကိုးကားခဲ့

သတင်းအမှားကို သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းကိုးကားခဲ့
by -
Hintha

ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကဦးဆောင်ပြီး နိုဝင်ဘာ ၂၆ ရက်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် (NPA) ဥက္ကဋ္ဌ ဦးသိမ်းကြည်က သတင်းမှားလို့ အတိအလင်းထုတ်ပြန်ထားတဲ့ အချက်အလက်အမှားကို ကိုးကားပြောဆိုသွားခဲ့ပါတယ်။

၎င်းက “ဦးလှသိန်းက UEC ကဝန်ခံတယ်၊ သူတို့ကတော့ မျှမျှတတလုပ်ပါတယ်တဲ့၊ အောက်ခြေကလုပ်တဲ့ကိစ္စရပ်တွေ မသိဘူးတဲ့ ” လို့ ပြောဆိုခဲ့တာပါ။

သတင်းအပြည့်အစုံကို ဒီမှာကြည့်ပါ ( https://cutt.ly/yhfTk40 )

သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို ဒီမှာကြည့်ပါ ( https://cutt.ly/hhfR41v )

အဆိုပါအချက်အလက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းမှားဖြစ်ကြောင်း ကြေညာထားပြီးသား ဖြစ်ပါတယ်။

ကြေညာချက်ကို ဒီမှာကြည့်ပါ ( https://cutt.ly/3hfTIzO )

ဒါတင်မကသေးပါဘူး။ ဦးသိမ်းကြည်က မဲရုံမှူးတွေကို မဲခိုး၊ မဲလိမ်မှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ စွပ်စွဲမှုပြုခဲ့ပြီး စကားပုံအရ ခွေးနဲ့ခိုင်းနှိုင်းခဲ့ပါသေးတယ်။

သတင်းအပြည့်အစုံကို အပေါ်ကလင့်ခ်မှာ တစ်ပါတည်းကြည့်ရှုနိုင်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဆရာ ဦးဇော်မျိုးလှိုင်က “သူတို့ဘက်က ခိုင်လုံတယ်ဆိုရင် သက်သေနဲ့တကွ သေသေချာချာ တရားဝင်ပြောဆိုပြောပါ့ဗျာ။ အခုသူတို့ပြောတဲ့ သက်သေတွေဆိုတာကလည်း ဟုတ်မမှန်တာတွေ၊ ဆရာ၊ ဆရာမတွေကို စွပ်စွဲခဲ့တာနဲ့ပတ်သက်လို့လည်း သူတို့ကိုယ်တိုင်တောင်းပန်ထားတာပဲ။ ထပ်ပြောစရာကိုမလိုတော့တာ” လို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်က ပြည်ခိုင်ဖြိုးပါတီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မဲရုံမှူး ဆရာ/ဆရာမတွေကို စွပ်စွဲချက်တွေပါဝင်ခဲ့တဲ့အပေါ် ပြင်ဆင်တောင်းပန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တောင်းပန်စာကို ဒီမှာကြည့်ပါ ( https://cutt.ly/8hfUdEU )

ဒီလိုသတင်းမှားတွေကို သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် သတင်းမှန်သယောင် ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ ဒါကြောင့် ယခုလို သတင်းမှန်သယောင် ရှင်းလင်းပြောဆိုမှုများကို သတိပြုမိနိုင်စေရန် ဟင်္သာရဲ့ သတင်းတု/သတင်းမှား စိစစ်ရေးအဖွဲ့က တင်ပြလိုက်ရပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...