ပဏာမ အပစ်ရပ် သဘောတူညီချက်ကို မဟာမိတ်လေးဖွဲ့အတူသာ လက်မှတ်ထိုးမည်ဟု TNLA ပြော

ပဏာမ အပစ်ရပ် သဘောတူညီချက်ကို မဟာမိတ်လေးဖွဲ့အတူသာ လက်မှတ်ထိုးမည်ဟု TNLA ပြော

ပဏာမ အပစ်ရပ် သဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးမည်ဆိုပါက မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့်အတူ လက်မှတ်ရေး ထိုး သွားမည် ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုများကိုလည်း FPNCC အဖွဲ့ဝင် ၇ ဖွဲ့လုံးနှင့်အတူ လုပ်ဆောင်သွား မည် ဟု တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ပြောသည်။

အဆိုပါ သဘောထားများမှာ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ နှင့် အဖွဲ့ဝင် ၇ ဖွဲ့ပါသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCC ၏ မူသဘောထားများဖြစ်ပြီး ထိုသဘောထားအတိုင်း ဆက်လက်  ရပ်တည်နေဆဲဖြစ်သည် ဟု PSLF/TNLA က ပြောသည်။

တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အပစ်ရပ်ထိုးမယ်ဆိုတော့ ၄ ဖွဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးနဲ့ သွားမယ်ဆိုရင်တော့ ကျနော်တို့က ၇ ဖွဲ့ပါ မှ အဲလိုပဲ ကျနော်တို့က ဆက်လက်ရပ်တည်ထားတာဖြစ်ပါတယ်” ဟု ပြောသည်။

PSLF/TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှ အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ်  Bilateral စာချုပ်ကို တစ်ဖွဲ့ ချင်းစီ လက်မှတ်ရေးထိုးမည်ဟု ညှိနှိုင်းထားပြီး ၄ ဖွဲ့စလုံး တစ်ပြိုင် နက်တည်း တစ်နေရာတည်း တစ်ချိန်တည်း လက်မှတ် ရေးထိုးသွားမည် ဟု PSLF/TNLA က ဆိုသည်။

အပစ်ရပ်စဲရေးအတွက် ညှိနှိုင်းရာတွင် ကြုံတွေ့ ခဲ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ ဗိုလ်မှူးမိုင်းအိုက် ကျော်က “ကျနော်တို့ ဆွေးနွေးလာတာကို ပြန်ကြည့်မယ်ဆိုရင် အထူးသဖြင့် အပစ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာပေါ့နော တပ်ရဲ့ သဘောထားမပါပဲနဲ့ တပ်ရဲ့ သဘောထား မပါလို့ရှိရင် အစိုးရလည်း ဘာမှ လုပ် လို့မရဘူး။ ကျော်လို့မရဘူး အဲလိုမျိုးပဲ သွားတွေ့ရတာပေါ့နော်” ဟု ပြောသည်။

သို့သော် အဆိုပါ အခက်အခဲများကို ကျော်လွှားနိုင်ပြီး ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း တွင် ၎င်းတို့ ၄ ဖွဲ့တည်းဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများကို လုပ်ဆောင်မည် မဟုတ်ပဲ FPNCC ၏ မူအတိုင်း ဆက်လက်လုပ်ဆောင်ရန် အဖွဲ့ဝင် အဖွဲ့ အစည်းများက သဘောတူထားကြသည်ဟု ဗိုလ်မှူး မိုင်းအိုက် ကျော်က ပြောသည်။

“ကျနော်တို့က လက်မှတ်ထိုးမယ်ဆိုရင် အပစ်ရပ်ပြီးမှ ထိုးမယ် အဲလိုမျိုးပြောတော့ နိုင်ငံရေး ဆွေးနွေးပွဲ ကျ တော့ ကျနော် တို့က ၄ ဖွဲ့လုံးနဲ့သွားလို့မရဘူး။ ကျနော်တို့ FPNCC အဖွဲ့ရှိတာပေါ့နော ၇ ဖွဲ့ နိုင်ငံရေး ဆွေး နွေးပွဲကျတော့ FPNCC နဲ့ ကျနော်တို့က အတူတကွ သွားကြမယ်။ အားလုံးပါဝင်ပြီးသွားကြမယ် ဆိုပြီးမှ FPNCC အဲလိုမျိုး မူကရှိထားတယ်။ ဒီလိုပဲ FPNCC နဲ့ပေါ့နော အခုလည်း ဒီအတိုင်းပဲ ကျနော်တို့ ရပ်တည် ထားတယ်။”

အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုက ရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

အဆိုပါ အဖွဲ့များသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံဆွေး နွေးမှု နောက်ပိုင်း ကိုဗစ်ကပ်ရောဂါကြောင့် တွေ့ဆုံဆွေးနွေးမှုမှာလည်း ပြတ်တောက်သွားခဲ့ရသည်။

ထိုအနေအထားများကြောင့် ရပ်တန့်နေသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်စတင်ရန်အ တွက် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့က တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်း ရေးအတွက် သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် အပစ်ရပ်ထားသည့်အဖွဲ့များနှင့် အပစ်မရပ်ထားသည့် တိုင်းရင်းသား တော် လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်ချမ်းရေး ဆွေးနွေး နိုင်ရန် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦး ဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းခဲ့ သည် ဟု ဆိုသည်။

သို့သော် အဆိုပါအဖွဲ့မှ လက်ရှိအချိန်အထိ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း FPNCC အဖွဲ့ဝင်များက ပြောသည်။

ထို့သို့ ကမ်းလှမ်းလာခြင်း မရှိသေးသော်လည်း နိုဝင်ဘာလ ၁၇ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဒုတိယ နိုင် ငံရေးမှူး ဦးညီကပ်ဦးဆောင်သည့်အဖွဲ့များနှင့် ရှမ်းပြည်နယ် မိုင်းဆတ်မြို့ကို ရောက်ရှိနေစဉ် တွေ့ဆုံခဲ့ကြပြီး NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလို ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့ က ထုတ်ပြန်ထားသည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည်တိုး တက် ရေးပါတီ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က “ကျနော်တို့ တိုက်ရိုက်တော့ မရှိပါဘူးခင် ဗျား။ တပ်မတော်က ငြိမ်းချမ်းရေး ဆွေးနွေးရေး ထုတ်ပြန်ကြေ ညာချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဖွဲ့အစည်းကတော့ အမြဲတမ်းကြိုဆိုပါတယ်။ ဒါကတော့ လုပ်သင့်လုပ်ထိုက် ဖြစ်သင့်ဖြစ်ထိုက် တဲ့ဟာ ပေါ့နော။ အမှန်တကယ်လုပ်ဖို့ ဆိုတာကလည်း ကျနော်တို့မှာ ဆန္ဒရှိပါတယ်။ ဒါက ကျနော်တို့က ကြိုဆိုပါ တယ်။ ဒါပေမယ့် တိုက်ရိုက် ဆက်သွယ်တာတွေ ကျတော့ လောလောဆယ် အခြေအနေ မရှိသေးပါ ဘူး ခင်ဗျာ” ဟု ပြောသည်။

SSPP အနေဖြင့် တပ်မတော်ဖက်မှ ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ မဖွဲ့ခင်ကတည်းက အစိုး ရ၊ တပ်မတော်တို့နှင့် ငြိမ်းချမ်းရေးအတွက် ဆက်သွယ်ညှိနှိုင်းမှုများရှိသည်ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆက် ပြောသည်။

“ငြိမ်းချမ်းရေးက ကျနော်တို့ ဒီအဖွဲ့မဖွဲ့ခင်ကတည်းက ကျနော်တို့က ငြိမ်းချမ်းရေး သက်ဆိုင်တဲ့ တပ်မတော် ရော အစိုးရရော ကျနော်တို့က အဆက်အသွယ်တွေ ရှိပါတယ်။ ဒါပေမယ့် လောလောဆယ်ပေါ့နော်။ ကိုဗစ် ကာလရယ် နိုင်ငံရေး အခြေအနေအရ မတွေ့ ဖြစ်သေးဘူးပေါ့လေ အဲဒါပဲ ရှိသေးတယ်ခင်ဗျာ။ ပြီးတော့ လည်း ကျနော်တို့က အစိုးရလည်း အလှည့်အပြောင်းအချိန်ဖြစ်နေတဲ့အတွက် ဒါက ကျနော်တို့ထဲမှာ ကျ တော့ တွေ့ဖို့က မရှိသေးဘူးခင်ဗျာ။”

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်း အတိုင်း လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မာ အောင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး၊ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးကာ ထာဝရ ငြိမ်း ချမ်းရေး အောင်မြင်သည့်အထိ လိုအပ်သည့် ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဟု နိုဝင်ဘာလ ၉ ရက် နေ့က တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားကြသည့် ကရင် အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသားလွတ် မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU အဖွဲ့တို့ဖြစ်သည်။

NCA လက်မှတ် မထိုးထားသည့် အဖွဲ့များမှာ FPNCC အဖွဲ့များဖြစ်သည့် “ဝ” ပြည်သွေးစည်း ညီညွတ် ရေးပါ တီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုး သားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ် မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (ULA/AA) တို့အပြင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCA-K) တို့ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...