ရသေ့တောင်ကို စစ်အုပ်စုတပ်က ၂ ရက်ဆက် ဗုံးကြဲ၍ ထိခိုက်ဒဏ်ရာရသူရှိပြီး နေအိမ်များ ပျက်စီး

ရသေ့တောင်ကို စစ်အုပ်စုတပ်က ၂ ရက်ဆက် ဗုံးကြဲ၍ ထိခိုက်ဒဏ်ရာရသူရှိပြီး နေအိမ်များ ပျက်စီး

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းကျေးရွာနှင့် အောက်ဇီးကိုင်းကျေးရွာတို့ကို စစ်အုပ်စုတပ်က ဩဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိသူရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ ဝန်းကျင်သို့ စစ်အုပ်စု တပ်၏ ဂျက်တိုက်လေယာဉ်အုပ်စု ရောက်ရှိလာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်အချို့ ပျက်စီးခဲ့ကာ လူထိ ခိုက်မှု အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ အောက်ဇီးကိုင်း ကျေးရွာကို ကြဲတယ်။ လက်ရှိ ကျောက်တန်းကျေးရွာ အခြေအနေကို မသိရသေး၊ နေအိမ်တွေ ပျက်စီးတယ်လို့ သိရတယ်။ အောက်ဇီးကိုင်းကျေးရွာမှာတော့ တစ်ယောက် ဒဏ်ရာရတယ်။ နေအိမ်တွေ ပျက်စီးတယ်၊ အခုထိ လေယာဉ်တွေ ဝဲနေသေးပါတယ်။ ပြည်သူတွေ ရှောင်တိမ်းရမလားဆိုပြီး စဉ်းစားနေကြတယ်” ဟု ပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်ကလည်း အောက်ဇီးကိုင်းကျေးရွာကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အောက်ဇီးကိုင်းကျေးရွာမှ အသက် ၄၈ နှစ်အရွယ် ဒေါ်သန်းမေနုမှာ နဖူး၌ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများ၏ နေအိမ် ၃ လုံး ပျက်စီးခဲ့ရသည်။

စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် အဆောက်အအုံ ပျက်စီး မှုများ မြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ကလည်း သံတွဲမြို့ ပတ်ဝန်းကျင်အနီးတစ်ဝိုက်ကို စစ်အုပ်စုတပ်က ဗုံးကြဲတိုက် ခိုက်ခဲ့သဖြင့် သားအဖ နှစ်ဦး သေဆုံးကာ အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယခု ဩဂုတ်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ လဝက်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးနှင့် အမျိုးသမီးများ အပါအဝင် ရခိုင်ပြည်သူ ၃၁ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရ ရှိထားသည်။

September 9, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်...
September 9, 2026
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
Human Rights Foundation of MonLand
September 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဖလူးဒေသရှိ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းကို...
ဗုံးကြဲပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ / Crd
September 8, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အုပ်စုတပ်က...