ငွေကို ရေလိုသုံးတဲ့ ချင်းစော်ဘွား ဝန်ကြီးချုပ်ဦးလျန်လွယ်ဆိိုတဲ့ခေါင်းစဉ်နဲ့ သတင်းအမှားတစ်ပုဒ်ဟာ Facebook စာမျက်နှာမှာ နိုဝင်ဘာ (၄) ရက်နေ့က စတင်ပျံ့နှ့ံလာပါတယ်။
အဲဒီသတင်းအမှားတစ်ပုဒ်ကိုတော့ ချင်းဝိဒေသတိုင်းပြည်နဲ့ ချင်းသူရဲကောင်း Facebook Page မှာ ဖော်ပြထားတာဖြစ်ပြီး “ခုတစ်လော NLD ချင်း ဝန်ကြီးချုပ် ဦးလျန်လွယ်ဟာ သူစည်းရုံးရေးသွားတဲ့ ဖလမ်းမြို့နယ် ကျေးရွာတိုင်း၌ နွားနောက် (သို့မဟုတ်) ဝက် သတ်ပေး၍ ထမင်းစားပွဲများပြုလုပ်ပေးပြီး ပညာမဲ့ကျေးရွာပြည်သူများ၏ မဲပြားများကို သွယ်ဝိုက်နည်းနဲ့ ဝယ်ယူနေသည်ဟု သက်သေအထောက်အထားဖြင့် တွေ ့မြင်နေရသည်” ဆိုပြီး ရေးသားဖော်ပြထားဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးယာကုပ်ထန်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဝန်ကြီးချူပ်အနေနဲ့ ကျေးရွာတိုင်းကို နွားနောက်နဲ့ ဝက်သတ်ပေးတယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ဆိုပါတယ်။
“ဒီိလိုမျိုးစည်းရုံးရေးဆင်းတဲ့အချိန်မှာ ရွေးကောက်ပွဲ ပေါ်လစီမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဟာ အများဆုံး သိန်း (၁၀၀) ပဲ သုံးခွင့်ရှိတယ်၊ နွားနောက်တစ်ကောင်က (၁၀) သိန်းကျော်ဖြစ်တယ်လေ… အဲ့ဒါကြောင့် အဲ့လိုသတ်ပေးလိုက်ရင် လုံးဝ အဆင်မပြေတဲ့ဟာမျိုးဖြစ်တယ် အဲ့ဒါကြောင့် သူက လုံးဝသတ်ပေးမှာမဟုတ်ဘူး… ဝက်သတ်ပေးတယ်… နွားသတ်ပေးတယ်ဆိုတာတွေက သူလည်း ဝန်ကြီးချုပ်တစ်ပါးဖြစ်တော့ ချစ်ခင်လေးစားတဲ့သဘောနဲ့ ရွာသားတွေက သတ်ပေးတာဖြစ်ပါတယ်” လို့ပြောပါတယ်။
ချင်းဝိဒေသတိုင်းပြည်နဲ့ ချင်းသူရဲကောင်း Facebook Page မှာ ယခုဆက်ရေးထားပါသေးတယ်။
“ကျေးရွာ ၇၀ နီးပါးရှိ ကျေးရွာများကို ဝန်ကြီးချုပ်လျန်လွယ်မှ နွားနောက်နဲ့ ဝက်အမြောက်အများသတ်ပေး၍ ထမင်းကျွေးနိုင်ခြင်းသည် ငွေကြေး ကျပ် သိန်း ၁၀၀၀ နီးပါး ကုန်ကျဖွယ်ရှိပြီး ယင်းငွေများဟာ NLD ဗဟိုပါတီက ထောက်ပံပေးတာလား (သို ့မဟုတ်) ချင်း အစိုးရဘတ်ဂျက် ဘဏ္ဍာငွေကို သုံးစွဲတာလား၊ သူ့ ့အိတ်ကတ်ထဲက စိုက်ထုတ်သည့်ပိုက်ဆံကိုပဲသုံးစွဲတာလား ချင်းပြည်သူတွေ ဝန်ကြီးချုပ်အပေါ် သံသယရှိနေကြသည်” လို့ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးယာကုပ်ထန်က “ဒီလိုဟာမျိုးက အစိုးရဘက်ဂျက်သုံးလို့မရဘူး ဗဟိုကပံပိုးတဲ့ဟာက (၁၀) သိန်းပဲဖြစ်တာကိုး အစိုးရပိုက်ဆံကိုဆွဲပြီးလည်း လုပ်လို့မရဘူး သူ့အိတ်ထဲကထုတ်ပြီးသုံးတယ်ဟာမျိုးတော့ ဒီကိစ္စတော့ကျနော်လည်မသိဘူး သူတို့သုံးစွဲခွင့်ရှိတာ သိန်း (၁၀၀) ပဲဆိုတော့ ရွာပေါင်း (၁၀၀) နီးပါလောက်သွားရမှာကိုး… ရွာတိုင်းမှာ တစ်ကောင်စီ၊ တစ်ကောင်စီသတ်လိုက်ရင် သိန်းထောင်ချီကုန်မှာလေ" ဟုပြောပါတယ်။
ဒီအကြောင်းရာနဲ့ပတ်သက်ပြီး တကယ်ဖြစ်ပျက်ခဲ့ပါက ပြိုင်ဖက်နိုင်ငံရေးပါတီဘက်က ကော်မရှင်အဖွဲ့ထံ တိုင်တန်းမှုများရှိလာနိုင်ပြီး ယနေ့ချိန်ထိတိုင်တန်းမှုမရှိသည့်အတွက် သတင်းအမှားသာဖြစ်နိုင်တယ်လို့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က
ပြောပါတယ်။
“ဒီလိုမျိုးသာရှိနေမယ်ဆိုရင် ပြည်သူတွေထက်စာရင် ပြိုင်ဘက်ပါတီတွေဘက်ကပိုပြီး ကန့်ကွက်ထားတာ၊ တိုင်ထားတာတွေရှိနေမှာပေါ့ အဲ့သလိုတွေမရှိလို့သာတိုင်တန်းတာတွေမရှိဘူးလို့ယုံကြည်ထားပါတယ်” လို့ပြောပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့သတင်းအမှားကို ချင်းဝိဒေသတိုင်းပြည်နဲ့ ချင်းသူရဲကောင်း Facebook Page မှာ နိုဝင်ဘာ (၄)ရက်နေ့ကတင်ထားတာဖြစ်ပြီး Like and React ပြုလုပ်သူ (၈၀) ရှိပြီး Comments (၆၁) နဲ့ ပြန်လည်မျှဝေသူပေါင်း (၁၇) ဦးထိရှိခဲ့ပါတယ်။
ပုဂ္ဂိုလ်ရေးအရ၊ ပါတီတစ်ခုကိုတိုက်ခိုက်တဲ့ သတင်းအမှားတွေဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပိုများလာပါတယ်။ ဒါကြောင့် သတင်းတွေကိုဖတ်မယ်ဆိုရင် သတင်းအမှားကိုမဟုတ်ပဲ သတင်းအမှန်တွေကိုဖတ်ရှုဖို့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနရဲ့သတင်းတွေကိုသာ ဖတ်ကြပါ။







