၂၀၁၅ တွင် NLD အနိုင်ရခဲ့သော တောင်ကုတ်မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးကို ANP အနိုင်ရ

၂၀၁၅ တွင် NLD အနိုင်ရခဲ့သော တောင်ကုတ်မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးကို ANP အနိုင်ရ

အောင်ထိန် — ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အနိုင်ရခဲ့သည့် တောင်ကုတ်မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ယခုရွေးကောက်ပွဲ မဲရလဒ်များအရ ရခိုင်အမျိုးသားပါတီ (ANP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကအနိုင်ရသွားကြောင်း ယင်းပါတီမှ သိရသည်။

မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်သာ ရွေးကောက်ပွဲကျင်းပခွင့်ရရှိသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ပြည်နယ်လွှတ်တော် တစ်နေရာ၊ ပြည်သူ့လွှတ်တော် တစ်နေရာနှင့် အမျိုးသားလွှတ်တော် တစ်နေရာအတွက် မဲပေးရွေးချယ်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းလွှတ်တော် မဲဆန္ဒနယ် သုံးရပ်တွင် ANP က အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လွှတ်တော်နေရာသုံးခုစလုံးတွင် (ANP)မှ ပြည်နယ်လွှတ်တော်တွင် (၄၆၃၃)မဲ၊ ပြည်သူ့လွှတ်တော်တွင် (၅၀၆၉)မဲ၊ အမျိုးသားလွှတ်တော်တွင် (၅၀၁၅)မဲဖြင့် မဲအများဆုံးရရှိကာ အနိုင်ရရှိသွားကြောင်း ANP ပါတီမှ ထုတ်ဖော်ပြောဆိုသည်။

“ဒီဖက်မှာ ကျွန်တော်တို့ ပါတီဟာ အယင်ရွေးကောက်ပွဲတွေမှာ တစ်ကြိမ်တစ်ခါမှ မနိုင်ဖူးခဲ့ဘူး။ ရွေးကောက်ပွဲ ကျတဲ့နှစ်မှာ ကျွန်တော်တို့ပါတီကို မဲပေးတဲ့သူတွေ ငိုကြွေးခဲ့ရတယ်။အယင်က ရွေးကောက်ပွဲတွေမှာ ကျခဲ့ရတဲ့ ပြည်သူတွေရဲ့မျက်ရည်ကို ဒီနှစ်မှာ သုတ်ပေးနိုင်ခဲ့ပြီပေါ့”ဟု တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာ ရခိုင်အမျိုးသားပါတီ ဒုက္ကဌ ဦးမောင်မောင်သစ်က ပြောသည်။

တောင်ကုတ်မြို့၌ ရွေးကောက်ပွဲကျင်းပသည့် မြို့ပေါ် (၄)ရပ်ကွက်တွင် မဲရုံပေါင်း (၂၈)ရုံ ရှိပြီး အဆိုပါမဲရုံများ၌ ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ (၂၁၈၀၈) ဦးအနက် နိုဝင်ဘာလ ၈ ရက်နေ့က မဲပေးသူ ၁၅၆၀၂ ဦးရှိသည်။

တောင်ကုတ်မြို့နယ်တွင် ရခိုင်မျိုးသားပါတီ(ANP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) အပြင် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)တွင် တစ်သီးပုဂ္ဂလတစ်ဦး ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ပြည်သူက တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါတီ၏မူဝါဒနှင့်အတူ ပြည်သူ့အကျိုးကို ဆောင်ရွက်သွားမည်ဟု တောင်ကုတ်မြို့နယ်၊ ANP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာတွင်ဝင်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည် ဒေါ်လှသက်စိုးက ပြောဆိုသည်။

“ပါတီမူဝါဒလေးရပ်ကို အခြေခံပြီး ပြည်သူတွေရဲ့ဘဝလုံခြုံရေးအတွက် လွှတ်တော်ထဲမှာ တရားမျှတတဲ့ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာဖို့အတွက် ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ နောက် ကျွန်မတို့ မြို့နယ်က ပြည်သူတွေရဲ့ ဘယ်အရေးကိစ္စမဆို ပြည်သူရှေ့မှာ ရှိနေသွားမယ်”ဟု ဒေါ်လှသက်စိုးက ပြောသည်။

ယခုဖော်ပြပါ ရွေးကောက်ပွဲရလဒ်များသည် သက်ဆိုင်ရာပါတီများမှ ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်ပြီး မဲရလဒ်အ တိအကျကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန်သေးပေ။

စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...