ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက သူ့လုပ်ပိုင်းခွင့်နဲ့ ချင်းပြည်နယ်မှာ မြို့နယ် ၂ ခု တိုးပေးမယ်ဆိုတဲ့သတင်းအမှား

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက သူ့လုပ်ပိုင်းခွင့်နဲ့ ချင်းပြည်နယ်မှာ မြို့နယ် ၂ ခု တိုးပေးမယ်ဆိုတဲ့သတင်းအမှား
by -
Khonumthung Media Group

ချင်းပြည်နယ်က လိုင်လဲန်းပီမြို့နဲ့ နဟရိန်မြို့တို့ကို လာမယ့်ရွေးကောက်ပွဲအပြီး နိုင်ငံတော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက သူ့သက်တမ်းမကုန်ဆုံးခင်မှာ ဒု-သမ္မတ၏လုပ်ပိုင်ခွင့်နဲ့ မြို့နယ်အဆင့် တိုးမြင့်သတ်မှတ်ပေးသွားနိုင်တော့မယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ဟာ Chin Land Voices Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။ 

အဲဒီသတင်းအမှားဟာ Chin Land Voices Facebook စာမျက်နှာမှာ နိုဝင်ဘာလ ၄ ရက်နေ့က အောက်ပါအတိုင်းရေးသားဖော်ပြထားတာဖြစ်ပါတယ်။ 

“မတူပီ၊ မလက်ဝ၊ ထန်တလန် သုံးမြို့နယ်အတွင်း၌ သတ်မှတ်နေထိုင်ကြသော မရာကျေးရွာများရှိ မရာလူမျိုးကိုယ်စားပြု မရာလွှတ်တော်ကိုယ်စားလှယ် ထွက်ရှိနိုင်ရေးအတွက် မရာလူမျိုးများနေထိုင်ကြသော လိုင်လဲန်းပီမြို့နှင့် ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ် သုံးမြို့နယ်ထဲ၌ နေထိုင်ကြသော လော်တူလူမျိုးများ လူမျိူးစုကိုယ်စားပြုလွတ်တော်ကိုယ်စားလှယ် ထွက်ပေါ်နိုင်ရေးအတွက် ထန်တလန်မြို့နယ်ထဲရှိ နဟရိန်မြို့ကို လာမည့်ရွေးကောက်ပွဲအပြီး နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒု-သမ္မတ သက်တမ်းမကုန်ဆုံးခင်၌ 

ဒုသမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် မြို့နယ်အဆင့် တိုးမြင့်သတ်မှတ်ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း” ဆိုပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ 

ဒီအကြောင်းရာနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကို ဆက်သွယ်မြေးမြန်းကြည့်ရာမှာတော့ ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်းအခုလိုပြောထားပါတယ်။

“မဖြစ်နိုင်ဘူး…. ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၃၀) ရှိပြီးတော့ မြို့နယ် (၃၃၀) ကိုပဲ အခြေပြုပြီးတော့ ကိုယ်စားလှယ် (၃၃၀) ဖွဲ့စည်းပုံလုပ်ထားတာပေါ့နော် ဒီလိုဟာက ဒုသမ္မကလည်းပြောမယ်မထင်ပါဘူး…. ဘာလို့လဲဆိုတော့ ဒု-သမ္မက ဖွဲ့စည်းပုံကိုနားလည်တဲ့သူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်မချင်း မြို့နယ်ဆိုတာတိုးလို့မရဘူး… မြို့တော့တိုးလို့ရမယ်၊ ခရိုင်တော့တိုးလို့ရမှာပေါ့… မြို့နယ်တိုးလို့မရဘူး မြို့နယ်တိုးတာနဲ့အမျှ နောက်ဆက်တွဲက ဒီလွှတ်တော်ကိုယ်စားလှယ် ထပ်တိုးရမယ့်ဟာမျိုးတွေဖြစ်တော့ မြို့နယ်တိုးဖို့ ဖွဲ့စည်းချင်တာတွေနေရာတိုင်းမှာ တိုင်းဒေသကြီး ပြည်နယ်တိုင်းမှာရှိနေတယ် အဲ့ဒါကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်တဲ့အတွက်ကြောင့် မဖြစ်နိုင်သေးဘူးလို့ထင်ပါတယ် ဒု-သမ္မတကြီးကလည်း အဲ့သလိုမျိုးပြောလိမ့်မယ်တော့မထင်ဘူး တင်တဲ့သူက ကိုယ်လိုချင်တာကိုဖြည့်ပြီးတွေးပြီး တင်တာမျိုးလို့ကျနော်ထင်တယ်” လို့ပြောပါတယ်။

ဒီသတင်းအမှားကို Like & React ပြုလုပ်သူ (၈၃) ဦးရှိပြီး ပြန်လည်ဝေမျှသူ စုစုပေါင်း (၂၂) ယောက်ရှိပါတယ်။

ကိုယ်က သတင်းအမှားတွေကို ဖြန့်ဝေတဲ့သူဖြစ်သွားနိုင်တဲ့အတွက်ကြောင့် သတင်းတွေကိုဖတ်ရှုတဲ့အခါမှာ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...