ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင် တပ်မတော်၊ ကြံခိုင်ရေးပါတီ၊ KNPP နဲ့ပူးပေါင်းပြီး NLD ပါတီကိုဖြိုမယ်ဆိုတဲ့ သတင်းအမှား

ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင် တပ်မတော်၊ ကြံခိုင်ရေးပါတီ၊ KNPP နဲ့ပူးပေါင်းပြီး NLD ပါတီကိုဖြိုမယ်ဆိုတဲ့ သတင်းအမှား
by -
နော်ဒွေးအယ်ခူ (KT)

လာမယ့် နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP ) သာ အနိုင်ရခဲ့မယ်ဆိုရင် တပ်မတော်၊ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP) နဲ့ ပူးပေါင်းပြီးတော့ လက်ရှိအနိုင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖြိုမယ်ဆိုတဲ့ သတင်းအမှားကို “လူရယ်” အကောင့်အမည်နဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အောက်တိုဘာလ ၂၇ ရက်နေ့က ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ၂၀၁ဝခုနှစ် USDP အနိုင်ရအစိုးရလက်ထက်မှာ ကယားပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ ဘူးရယ်ခင်မောင်ဦးကို ဝန်ကြီးချုပ်အဖြစ် ပြန်ခန့်ပြီး KNPP က တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးမယ်လို့လည်း ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုနဲ့ပတ်သက်ပြီး KySDP ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးသဲရယ်ကလည်း ၎င်းလူမှုကွန်ယက်စာမျက်နှာမှာ ပါတီနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိဘဲ လုပ်ကြံရေးသားမှုတစ်ခုသာဖြစ်တယ်ဆိုပြီး ပြန်လည်ရေးသားထားပါတယ်။ 

၎င်းသတင်းအမှားက ပါတီကို ပုတ်ခတ်ထိုးနှက်ခြင်းဖြစ်သလို မဲဆန္ဒရှင်ပြည်သူတွေ အယုံကြည်မဲ့သွားအောင် ရေးသားလုပ်ကြံတဲ့ ကြံစည်မှုတစ်ခုသာ ဖြစ်တယ်လို့ KySDP ရဲ့အတွင်းရေးမှူး ဦးသဲရယ်က ပြောပါတယ်။

“ဒါကတော့ တစ်ဖက်ပါတီကနေ ကျတော်တို့ရဲ့ပါတီကို ပုတ်ခတ်တယ် ထိုးနှက်တယ် အဲလိုပဲမြင်တယ်။ အဲလိုရေးသားတဲ့အကြောင်းအရာနဲ့ ပါတီနဲ့က လုံးဝသက်ဆိုင်မှုမရှိိဘူး ကျတော်တို့က အဲလိုလည်းလုပ်မှာမဟုတ်ဘူးပေါ့နော။ ကျတော်တို့ပါတီကို မဲဆန္ဒရှင်ပြည်သူတွေရဲ့ အယုံကြည်မဲ့သွားအောင် တမင်ကြံစည်ပြီးတော့ ရေးသားလုပ်ကြံတဲ့ ကြံစည်မှုတစ်ခုလို့ပဲမြင်ပါတယ်”

အဆိုပါ သတင်းအမှားကို ရေးသားဖြန့်ဝေတဲ့အကောင့်တုက  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့အလံတံဆပ်ကို ပရိုဖိုင်းပြောင်းထားပြီး ကယားအမည်ဖြစ်တဲ့ “လူရယ်” ဆိုတဲ့ အကောင့်နာမည်ဖြစ်ပါတယ်။ လူထုကြားမှာ သဘောထားကွဲလွဲအောင် အယုံကြည်မဲ့အောင် လုပ်ကြံရေးသားမှုဟာ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်အတွက် လုပ်တာလဲဆိုတဲ့ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဦးသဲရယ်က မှတ်ချက်ပြုပါတယ်။

၎င်းစာသားပါ အကြောင်းအရာရဲ့ ကောမက်မှာတော့ လုပ်ကြံဖန်တီးရေးသားထားတဲ့အကောင့်တု ဆိုပြီး အများစုက ဝင်မန့်ထားပြီး မူရင်းပို့စ်တင်သူကတော့ အမှန်သာရေးထားတယ်ဆိုပြီး ပြန်လည်ဖြေရှင်းထားတာကို တွေ့ရပါတယ်။

“တိုင်းရင်းသားပါတီကို ပုတ်ခတ်တိုက်ခတ်တာတော့ တိုင်းရင်းသားပါတီကို မဲထည့်ရင် စစ်ဖိနပ်အောက်ရောက်မှာတို့ လျှောက်ရေးတာတွေရှိတယ် နောက်ပြီးတော့ တိုင်းရင်းသားပါတီက ကြံ့ခိုင်ရေးတို့ စစ်တပ်တို့နဲ့ ပူးပေါင်းပြီးလုပ်နေတယ် လျှောက်ရေးတဲ့ဟာမျိုးတွေရှိတယ်။ ဒါပေမယ့် ကျတော်တို့ကတော့ ကိုယ့်ရဲ့ပါတီရဲ့ ရပ်တည်ချက်ကတွေလည်း ပြောထားပီးပီ ထုတ်ပြန််ချက်တွေလည်းလုပ်ထားပြီးပြီး ဆိုတော့ ပြန်ပြီး ဝေဖန်တာတော့ ပြန်မလုပ်ပါဘူး။ သို့ပေမယ့် ဒီကြားထဲမှာ မသိတဲ့ပြည်သူလူထုကနေပြီးမှ ဟုတ်သလားဆိုတာမျိုးဖြစ်သွားမှာလည်း စိုးရိမ်ရတာပေါ့။ ပြည်သူလူထုတွေ တကယ့်သတင်းအမှားတွေ ဒီလိုအကြောင်းအရာတွေ တင်လာရင်လည်း သတိထားပြီး ကျတော်ကတော့ မေတ္တာရပ်ခံချင်တာပေါ့” လို့ ဦးသဲရယ်က ဆက်ရှင်းပြပါတယ်။

KySDP ပါတီကို ပုတ်ခတ်ရေးသားတဲ့ အကောင့်တု ၄ ခုလောက်ရှိနေပြီး အကောင့်ပိုင်ရှင်ရဲ့ မက်ဆင်ဂျာမှာ စကားသွားပြောပေမယ့်လည်း ပြန်လည်ဖြေကြားတာမရှိဘူးလို့ ဦးသဲရယ်ကပြောပါတယ်။ သတင်းအမှားတင်တဲ့သူနဲ့ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားတာတွေ ပြုလုပ်သွားမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရွေးကော်ပွဲနီးလာနဲ့အမျှ ရွေးကောက်ခံပါတီ၊ ကိုယ်စားလှယ်လောင်းတွေကို ပုတ်ခတ်ရေးသားတဲ့ အကောင့်တုတွေ အများကြီးရှိတာကြောင့် မဲဆန္ဒနယ်ရှင်ပြည်သူတွေအနေနဲ့ သတိထားပြီး သတင်းမှန်ကို နားစွင့်ကြဖို့ ဦးသဲရယ်က တိုက်တွန်းပြောဆိုထားပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...