သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား ၁၈၀ခန့် ကိုဗစ်ရောဂါကူးစက်ခံရ

သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား ၁၈၀ခန့် ကိုဗစ်ရောဂါကူးစက်ခံရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား ၁၈၀ခန့်တွင် ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်က မဇ္ဈိမသို့အတည်ပြုပြောသည်။

အောက်တိုဘာလ ၁၈ရက်နေ့က သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား ၁၆ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ ရှိခဲ့သည့်အတွက် ကျန်အကျဉ်းသားများအား အောက်တိုဘာ ၂၂ရက်တွင် ကိုဗစ်ရောဂါကူးစက်ခံရခြင်းရှိ၊မရှိ စစ်ခဲ့ရာတွင် အကျဉ်းထောင်ဝန်ထမ်း နှစ်ဦးနှင့် အကျဉ်းသား ၁၅၈ ဦးတွင်လည်း ကိုဗစ်ရောဂါတွေ့ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

၎င်းအကျဉ်းသားများတွင် ကိုဗစ်ရောဂါမည်သို့ကူးစက်ခံရသည်ကိုမူ မသိရှိရသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်က ပြောသည်။

“ ဘယ်လိုကူးတယ်တော့ ကျွန်တော်မသိရဘူး။ အကျဉ်းဦးစီးဌာနဖြစ်တဲ့အတွက် ပြည်ထဲရေးလက်အောက်ခံ ဆိုတော့ တခြားဌာနတွေက သတင်းထုတ်ပြန်ခွင့်မရှိဘူးလို့ကျွန်တော်ထင်တယ်။ သူတို့မေးမှ တိတိကျကျသိရ လိမ့် မယ် ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်က ဆိုသည်။

အဆိုပါ သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် အကျဉ်းသားနှင့်အချုပ်သားဦး အရေအတွက်အား သိရှိနိုင်ရန် အကျဉ်းထောင်တာဝန်ရှိသူများအား မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ထိုပြင် အကျဉ်းသားများနှင့်အကျဉ်းထောင်ဝန်ထမ်းတို့၌ ရောဂါကူးစက်ခံရမှုနှင့်ပတ်သက်၍ နေပြည်တော် အကျဉ်းဦးစီးဌာနနှင့် ပဲခူးတိုင်းကျန်းမာရေးဦးစီမှူးတို့ထံ မဇ္ဈိမက ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်သော်လည်း လက်ခံမဖြေကြားခြင်းမရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းစတင်ခဲ့ပြီးနောက် အကျဉ်းထောင်များသို့ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက်  မြန်မာတစ်နိုင်ငံလုံးမှ အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ကို စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ ပိတ်ပင်ထားခဲ့ပြီး ပါဆယ်စနစ်ဖြင့်သာပစ္စည်းပို့ခွင့်ပြုထားသည်။

ထိုသို့ထောင်ဝင်စာပိတ်ခြင်းမှာ မဖြစ်သင့်ဘဲ အကာအကွယ်၊ သတ်မှတ်ချက်များဖြင့်တွေ့ခွင့်ပေးသင့်ကြောင်း လူအခွင့်အရေးနှင့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့တစ်ချို့မှလည်း ထိုစဉ်ကပြောဆိုခဲ့သည်။

မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်စခန်းနှင့် အလုပ်စခန်းစုစုပေါင်း ၉ဝ ကျော်ရှိသည်။

စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...