ဒု-သမ္မတတာဝန် ဆက်လက်ထမ်းဆောင်အုံးမည်ဆိုပါက ချင်းပြည်နယ်တွင် ဧရာဝတီမြစ်ကြီးစီးဆင်းနိုင်ရန် ဖောက်လုပ်ပေးမယ်လို့ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက ရွေးကောက်ပွဲအောင်နိုင်ရေး ကတိကဝတ်ပြုဆိုတဲ့ သတင်းအမှား

ဒု-သမ္မတတာဝန် ဆက်လက်ထမ်းဆောင်အုံးမည်ဆိုပါက ချင်းပြည်နယ်တွင် ဧရာဝတီမြစ်ကြီးစီးဆင်းနိုင်ရန် ဖောက်လုပ်ပေးမယ်လို့ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူက ရွေးကောက်ပွဲအောင်နိုင်ရေး ကတိကဝတ်ပြုဆိုတဲ့ သတင်းအမှား
by -
Khonumthung Media Group

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ ဓာတ်ပုံကိုအသုံးပြုပြီး ချင်းပြည်နယ်မှာ ဧရာဝတီမြစ်ကြီးစီးဆင်းနိုင်အောင် ဖောက်လုပ်ပေးဖို့ ရွေးကောက်ပွဲကတိကဝတ်ပြုခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ 

အဲဒီသတင်းအမှားဟာ Salai Van Lian Thang ဆိုတဲ့ Facebook Account ပိုင်ရှင်က ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ ပုံနှင့်အတူ ဒု-သမ္မတတာဝန် ဆက်လက်ထမ်းဆောင်အုံးမည်ဆိုပါက ချင်းပြည်နယ်တွင် ဧရာဝတီမြစ်ကြီးစီးဆင်းနိုင်ရန် ဖောက်လုပ်ပေးမည်ဖြစ်ကြောင်း လက်ရှိနိုင်ငံတော် ဒု-သမ္မတဦးဟင်နရီဗန်ထီးယူက ရွေးကောက်ပွဲအောင်နိုင်ရေး ကတိကဝတ်ပြုကြောင်း သိရှိရပါသည်ဆိုတဲ့ သတင်းအမှားကို စက်တင်ဘာလ (၁၉) ရက်နေ့က ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားဟာ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီးပြုလုပ်ထားတဲ့ သတင်းအမှားတစ်ပုဒ်ပဲဖြစ်ပါတယ်။   

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးယာကုပ်ထန်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ဒါဟာ သတင်းအမှားသာဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

“ဒီကတိကဝတ်က လုံးဝမလုပ်တဲ့ဟာဖြစ်တယ်။ မြစ်ဆုံကိစ္စဟာ မြန်မာနိုင်ငံ CSO အနေနဲ့ ဒီစီမံကိန်းကို မကြိုက်တဲ့ကိစ္စဖြစ်တယ်၊ ကန့်ကွက်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် ခနရပ်ထားတဲ့ဟာဖြစ်တယ်။ ဒီမြစ်ဆုံကိစ္စကို ပြောလိုက်မယ်ဆိုရင် လူတွေကထပြီး ကြည့်ကြမှာကိုအဲ့ဒါက နိုင်ငံရေးအရ လုံးဝမလုပ်သင့်တဲ့အရာဖြစ်တယ်။”

Salai Van LianThang ဆိုတဲ့ Facebook Account ဟာ NLD နဲ့ပတ်သတ်တဲ့ သတင်းအမှားတွေအများဆုံးဖြန့်တဲ့ Account တစ်ခုဖြစ်ပြီး ဒီသတင်းအမှားကို Like ပြုလုပ်တဲ့သူ (37) ဦး၊ Share ပြုလုပ်သူ (၁၂) ဦး၊ Comment ဝင်ပေးသူ (၁၈) ဦးထိ ရှိခဲ့ပါတယ်။ 

ရွေးကောက်ပွဲနီးလာတာနဲ့ အင်တာနက်စာမျက်နှာမှာ ပါတီတစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေရေးတဲ့ သတင်းအမှားများ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တိုက်ခိုက်တဲ့ သတင်းအတုတွေများလာတဲ့အတွက်ကြောင့် ယုံကြည်စိတ်ချမှုရှိတဲ့ သတင်းဌာနကတင်တဲ့ သတင်းတွေကိုသာ ဖတ်ရှုကြပါလို့ ပြောချင်ပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...