ချင်းတိုင်းရင်းသားအဆိုတော်ထန်ပါးကို NLD ပါတီက ပါတီအာင်နိုင်ရေးအတွက် တစ်ရက် (၁၀) သိန်းဖြင့် ငှားရမ်းဆိုတဲ့သတင်းအမှား

ချင်းတိုင်းရင်းသားအဆိုတော်ထန်ပါးကို NLD ပါတီက ပါတီအာင်နိုင်ရေးအတွက် တစ်ရက် (၁၀) သိန်းဖြင့် ငှားရမ်းဆိုတဲ့သတင်းအမှား
by -
Khonumthung Media Group

နိုင်ငံကျော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ချင်းတိုင်းရင်းသားအဆိုတော်ထန်ပါးကို အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီအောင်နိုင်ရေးအတွက် တစ်ရက်ကို ကျပ်ငွေ (၁၀ သိန်း) နဲ့ ငှားရမ်းနေတယ်ဆိုတဲ့ သတင်းအမှားတစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့နေတာကို တွေ့မြင်ရပါတယ်။ 

အဲဒီ သတင်းအမှားကို Salai Van LianThang ဆိုတဲ့ Facebook Account ပိုင်ရှင်ကနေ အဆိုတော်ထန်ပါးရဲ့ Fashion King DVD မှ Cover ဓာတ်ပုံကိုယူသုံးထားပြီး၊ ကိုထန်းပါးနဲ့ အပြန်အလှန်ပို့ထားတဲ့ Message Screen Short ကိုအသုံးပြုပြီး စက်တင်ဘာလ ၂၃ ရက်နေ့က ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အဆိုတော်ကိုထန်ပါးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ အဲဒီကိစ္စဟာ သတင်းအမှားသာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ 

“ကျနော်က NLD ပါတီကို မဲပေးမယ့်သူဆိုတော့ ငှားစရာတောင်မလိုပဲ ကိုယ့်စာရိတ်နဲ့ကိုယ်တောင်သွားပြီးမှ အားပေးတာ ဒီသတင်းနဲ့ပတ်သတ်ပြီး ဘာမှပြောစရာကိုမလိုဘူး၊ သတင်းအမှားဖြစ်တဲ့အတွက် သူ့ဟာသူပျောက်သွားလိမ့်မယ်၊ NLD ပါတီအောင်နိုင်ရေးအတွက် (၁၀) သိန်းနဲ့ငှာရမ်းတယ်ဆိုတာ မဟုတ်ပါဘူး။”

ဒါကြောင့် ဒီအကြောင်းရာကို စုံစမ်းမေးမြန်လိုက်တဲ့အခါမှာ သတင်အမှားဖြစ်ကြောင်းသိရှိရပြီး ဒီသတင်းအမှားကို Like ပြုလုပ်တဲ့သူ (37) ဦးထိရှိခဲ့ပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့ အင်တာနက်စာမျက်နှာမှာ နိုင်ငံကျော်အနုပညာရှင်များကိုအသုံးချကာ သတင်းတု/သတင်းမှားတွေများလာတဲ့အတွက်ကြောင့် ယုံကြည်စိတ်ချမှုရှိတဲ့ သတင်းဌာနကတင်တဲ့ သတင်းတွေကိုသာ ဖတ်ရှုကြပါလို့ ပြောချင်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...