KSPP ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဒွဲဘူကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည်ဟူသည့် သတင်းအမှား

KSPP ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဒွဲဘူကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည်ဟူသည့် သတင်းအမှား
by -
Kachin News Group

ကချင်စာရေးဆရာတစ်ဦးဖြစ်သော Kareng Bawn Awn က ၂၀၂၀ ရွေးကောက်ပွဲ အင်အားကြီးပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် Kachin State People’s Party – KSPP ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဒွဲဘူကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည်ဟု Mirror Kachin အမည်ရှိ Facebook အကောင့်တစ်ခုတွင် ရေးသားဖြန့်ဝေနေမှုမှာ သတင်းအချက်အလက် လွဲမှားနေကြောင်း သက်ဆိုင်သူများကပြောသည်။ 

ထိုသတင်းကို Mirror Kachin Facebook အကောင့်တွင် အောက်တိုဘာလ ၈ ရက်နေ့က ကချင်ဘာသာစကားဖြင့် ရေးသားကာ ပို့စ်တင်ထားခြင်းဖြစ်သည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဦး Kareng Bawn Awn ကို ဆက်သွယ်မေးမြန်းရာ KSPP ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကို တရားစွဲဆိုထားခြင်းမရှိကြောင်း ဖြေကြားခဲ့သည်။ 

“KSPP ပါတီကိုကော၊ ဒေါ်ဒွဲဘူကိုကော သီးခြားတရားစွဲဆိုထားတာမရှိပါဘူး။ ဒါပေမယ့် ဒေါ်ဒွဲဘူရဲ့သားဖြစ်သူ ဆိုင်ခွမ်အောင်ကိုတော့ လူမှုကွန်ယက်မှာ အသရေဖျက်မှုကြောင့် မြို့နယ်တရားရုံးမှာ မေလ ၂၈ ရက်နေ့က တရားစွဲထားတာရှိတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကနေ တရားစွဲခွင့်အမိန့်တော့ မကျသေးဘူး” ဟု ကချင်သတင်းဌာန KNG ကို အတည်ပြုပြောကြားသည်။

  

လက်ရှိတွင် ဦး Kareng Bawn Awn သည် ကချင်သမိုင်းစာရေးဆရာတစ်ဦးဖြစ်ပြီး ဒေါ်ဒွဲဘူအနေဖြင့် KSPP ၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားသူဖြစ်သည်။

 

ရွေးကောက်ပွဲနီးလာချိန်တွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရေးကိစ္စများကို လူမှုကွန်ယက်စာမျက်နှာတွင် တိကျမှုမရှိဘဲ ရေးသားနေမှုများရှိနေကြောင်း KSPP မှာ တာဝန်ရှိသူတစ်‌ဦးကလည်း ပြောကြားသည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...