မြောက်ဦးခရိုင်ရုံးမှ ပျောက်ဆုံးနေသည့် လဝကဝန်ထမ်းတစ်ဦးအား သေဆုံးလျက်တွေ့ရှိ

မြောက်ဦးခရိုင်ရုံးမှ ပျောက်ဆုံးနေသည့် လဝကဝန်ထမ်းတစ်ဦးအား သေဆုံးလျက်တွေ့ရှိ

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်(လဝက)ရုံးမှ အမှုတွဲထိန်းဝန်ထမ်းတစ်ဦး ပျောက်ဆုံးနေရာ အောက်တိုဘာ ၉ ရက်‌ မွန်းလွဲပိုင်းအချိန်က သေဆုံးလျှက်တွေ့ရှိကြောင်း သိရသည်။

၎င်းသည် မင်းပြားမြို့နယ်၊ ဥက္ကာပျံရပ်ကွက်မှ အသက်(၃၈)နှစ်အရွယ် ကိုကျော်လင်းခိုင်ဖြစ်ပြီး အောက်တိုဘာ ၇ ရက် နေ့လည် ၁၁ နာရီခန့်တွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် လဝကဝန်ထမ်း တစ်ဦးက DMG သို့ပြောသည်။

“မနေ့က သူမိန်းမက ကျွန်တော့်ဆီဖုန်းဆက်တယ်။ မင်းပြားကိုမရောက်ဘူးလို့ ပြောတယ်။ အဲဒီအချိန် ပျောက်နေ တယ်လို့သိရတာ။ လိုက်ရှာကြည့်တော့ ဗားမဲ့၊ ဗားကရားဂူနားက တောထဲမှာကြိုတွဲချပြီးတော့ သေနေတာကို တွေ့ရတယ်” ဟု ၎င်းကရှင်းပြသည်။

အဆိုပါဝန်ထမ်းသည် မိမိကိုယ်ကို သေကြောင်းကြံစည်သွားခြင်းမဟုတ်ဘဲ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင်က သုံးသပ်ပြောဆိုနေကြသည်။

လက်ရှိမှာ သေဆုံးသူအား မင်းပြားမြို့တွင် သင်္ဂြိုလ်ခဲ့ပြီး မည်သို့သေဆုံးသွားသည်ကို မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။ ထိုကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြောက်ဦးရဲစခန်းကို DMG က ဆက်သွယ်ခဲ့ သော်လည်း ဖုန်းအဆက်အသွယ်မရရှိခဲ့ပေ။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...