ငြိမ်းချမ်းရေးအတွက် စစ်တွေတွင် ရဟန်းတော်တစ်ပါး လမ်းလျှောက်ဆန္ဒဖော်ထုတ်

ငြိမ်းချမ်းရေးအတွက် စစ်တွေတွင် ရဟန်းတော်တစ်ပါး လမ်းလျှောက်ဆန္ဒဖော်ထုတ်

သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  ငြိမ်းချမ်းရေးအတွက် ရဟန်းတော်တစ်ပါး တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။

၎င်းဆရာတော်သည် စစ်တွေမြို့၊ မင်းဂံအကွက် (၁၃) ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးစက္ကိန္ဒ ဖြစ်သည်။

ဆရာတော် ဦးစက္ကိန္ဒက "လက်ရှိ ရခိုင်မြောက်ပိုင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကို ရပ်ဆိုင်းစေချင်တယ်။ တပ်မတော်ဘက်က တစ်လ ရပ်ဆိုင်းတာကို သုံးလောက်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးစေချင်တယ်။ ဒါကို တောင်းဆိုလိုတဲ့အတွက် ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်” ဟု မိန့်သည်။

၎င်းပြင် ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် အခုရှိနေသည့် အင်တာနက် 2G အဆင့်ကို အခြားတိုင်းနှင့်ပြည်နယ်များနှင့် တန်းတူ 4G အင်တာနက် ရရှိရန် တောင်းဆိုပါကြောင်း၊ စစ်တွေမြို့မှာ ထုတ်ပေးနေသည့် အပြင်ထွက်ခွင့် ကဒ်ကိစ္စကို ပြန်လည်ပယ်ဖျက်ပေးစေလိုကြောင်း ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဦးဝေဟင်အောင်တို့ကို လွပ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုပါသည်ဟု  ဆရာတော်မှ မိန့်ကြားသည်။

ယနေ့ နေ့လယ် ၁ နာရီခန့်က စစ်တွေ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှ ဦးဥတ္တမပန်းခြံအထိ အချက်လေးချက်ကိုတောင်းဆိုကာ  ငြိမ်းချမ်းရေး သဘောဆောင်သည့် အလံတစ်ခုကိုင်ဆောင်ကာ၍ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်။

ရဲတပ်ဖွဲ့မှ တစ်စုံတစ်ရာဟန့်တား မေးမြန်းခြင်း မရှိကြောင်း သိရသည်။

ဆရာတော်သည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလက စစ်တွေမြို့ကနေ ရှေ့ဟောင်းယဉ်ကျေးမြို့ မြောက်ဦးမြို့အထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့သည်။

Most read this week

ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...