စစ်တွေမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအား တပ်မတော်မှခေါ်ဆောင်သွား

စစ်တွေမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအား တပ်မတော်မှခေါ်ဆောင်သွား

အောင်ထိန် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးအား အောက်တိုဘာ ၃ ရက်နေ့လည်ပိုင်းတွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။

ယနေ့နေ့လည်ပိုင်းတွင် အင်အား ၅၀ ခန့်ရှိမည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် တောကန်ကျေးရွာ အတွင်းသို့ဝင်ရောက်လာကာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ယင်းသို့စစ်ဆေးပြီးပြန်သွားစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းကျော်လှိုင်(၃၇)နှစ်ကိုပါ ခေါ်ဆောင်သွား ခဲ့ကြောင်း ၎င်း၏ယောက်ဖဖြစ်သူ ဦးကျော်သန်းက DMG သို့ပြောသည်။

“သံယသနဲ့ခေါ်ဆောင်သွားတယ်၊ ပြီးတော့ပြန်မလွှတ်နှိပ်စက်တယ်။ ခြေလွန်လက်လွန်ဖြစ်ပြီးမှ ရဲကိုပို့လိုက်၊ ဆေးရုံကိုပို့လိုက် ဒီလိုဖြစ်တာတွေကိုသတင်းတွေမှာလည်းကြားနေမြင်နေရတယ်။ အဲဒါကြောင့် သူ့အတွက် မိသားစုတွေအားလုံးက စိုးရိမ်နေကြတယ်” ဟု ဦးကျော်သန်းကဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအား တပ်မတော်သားများမှ ခေါ်ဆောင်သွားသည့်ကိစ္စအား စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ မိသားစုဝင်းများမှ ဖုန်းဆက်အကူအညီတောင်းခံထားကြောင်း ဦးကျော်သန်းက ဆက်ပြောသည်။

ယင်းသို့ခေါ်ဆောင်ခံရသည့် တောကန်ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ယနေ့ညနေ ၇ နာရီကျော်အချိန်ထိ ကျေးရွာသို့ ပြန်ရောက်လာခြင်းမရှိသေးအပြင် မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း မသိရှိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

သိန်းတန်ကျေးရွာမှ ဒေသခံနှစ်ဦးကို စစ်တွေမြို့နယ်ရှိ ခမရ ၃၅၄ တပ်ရင်းမှ တပ်မတော်သားအချို့က အောက်တိုဘာ ၁ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိပြန်လွှတ်လာခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ အငူရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နှင့် ရွာသစ်ကေကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို AA နှင့်ဆက်နွယ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။

ယင်းအပြင် ဇွန်လ ၃ ရက်နေ့တွင်လည်း မြေပုံမြို့ပေါ် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည) ၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ခြင်းများရှိခဲ့သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...