နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် မဲဆွယ်မိန့်ခွန်းပြောရာတွင် ပါဝင်တော့မည်မဟုတ်ကြောင်း AFP ပါတီဆို

နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် မဲဆွယ်မိန့်ခွန်းပြောရာတွင် ပါဝင်တော့မည်မဟုတ်ကြောင်း AFP ပါတီဆို

မင်းထွန်း - နိုင်ငံပိုင်ရုပ်မြင်သံကြား (MRTV)နှင့် သတင်းစာများမှတစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံး မိန့်ခွန်း ပြောသည့်အစီအစဉ်တွင် ရခိုင်ဦးဆောင်ပါတီ(AFP)အနေဖြင့် ပါဝင်တော့မည်မဟုတ်ကြောင်း ယင်းပါတီမှ တာဝန်ရှိသူများကပြောသည်။

AFP ပါတီ၏ မဲဆွယ်မိန့်ခွန်းပါ ဟောပြောချက်စကားလုံးအများအပြားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ပြင်ဆင်ဖြတ်တောက်လိုက်သည့်အတွက် မပါဝင်ရခြင်းဖြစ်သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

“ရခိုင်ဒေသမှာ ပြင်းထန်နေတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာတွေကို ရခိုင်လူထုနဲ့အတူ ရင်ဆိုင်လက်တွဲပြီး သွားမယ်ဆိုတဲ့ အဲဒီလိုပုံစံမျိုးတွေ အပိုဒ် ၃ ပိုဒ်ကျော် အချက်အလက်တွေအားလုံးကို ဖြတ်တောက်လိုက်တယ်။ ဆိုလိုတဲ့သဘောက ဟောပြောချက်တစ်ခုမှာ ဘာတစ်ခုမှအနှစ်သာရမကျန်ရအောင် ဖြတ်တောက်လိုက်ရာ ရောက်တယ်။ ဆိုတော့ ပြောရင်လည်းဘာမှထူးမှာမဟုတ်ဘူး” ဟု ၎င်းကပြောသည်။

ယင်းအပြင် AFP ပါတီ မှတ်ပုံတင်သည့်အချိန်ကတည်းက အတည်ပြုထားသည့် ပါတီလုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်များကို မဲဆွယ်မိန့်ခွန်းပြောမည့်အစီအစဉ်တွင် UEC မှ ဖြတ်တောက်ထားခြင်းကို တွေ့ရှိရသည် ဟုလည်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

AFP ပါတီအနေဖြင့် မဲဆွယ်စည်းရုံခြင်းမိန့်ခွန်းကို ရွေးကောက်ပွဲဆိုင်ရာမူဝါဒများ၊ မဲဆွယ်ကျင့်ဝတ်များနှင့်အတူ တစ်ဦးကိုတစ်ဦးပုတ်ခတ်ရာမရောက်အောင် သေချာစွာပြင်ဆင်ထားခြင်းဖြစ်သည်ဟု ဦးကျော်ဇောဦးက ဆိုသည်။

“ကျနော်တို့ဘက်က အသေအချာစဉ်းစားပြီး ကျင့်ဝတ်နဲ့အညီပြောတာဖြစ်တယ်။ အဲတာတွေကို UEC က ငါတို့ လက်ခုတ်ထဲက ရေ၊ ငါတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့သဘောမျိုးနဲ့ အများကြီးဖြတ်တောက်လိုက်တယ်လို့ ထင်မြင်ရမယ့်ပုံစံမျိုးဖြစ်နေတယ်။ ဒါက မဖြစ်သင့်တယ်ကိစ္စဖြစ်ပါတယ်။ UEC အနေနဲ့ (ပါတီရဲ့)ပြောပုံဆိုပုံ တွေဟာ ကျင့်ဝတ်နဲ့ညီ/မညီကိုကြည့်ပြီး မညီရင်ပြောသင့်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့ကြောင့် UEC မှ ဆင်ဆာဖြတ်တောက်လိုက်သည့်အတွက် နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ပါဝင်တော့မည်ဟုတ်ဘဲ တခြားလွတ်လပ်စွာပြောဆိုနိုင်သည့် Channel များတွင်သာ မဲဆွယ်စည်းရုံးသွားမည်ဟုလည်း ပါတီတာဝန်ရှိသူများက ဆိုကြသည်။

ယခုကဲ့သို့ AFP ပါတီ၏ မဲဆွယ်စည်းရုံးမိန့်ခွန်းအား ပြင်ဆင်ဖြတ်တောက်ခံရသည်ဆိုသည့်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

အလားတူ ရခိုင်ပါတီများဖြစ်သည့် ANP ၊ ALD ပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာမဲဆွယ်စည်းရုံးရေး မိန့်ခွန်းပါ စာသားများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြင်ဆင်ဖြတ်တောက်မှုများရှိခဲ့သည်။ ထို့ကြောင့် ရခိုင်နိုင်ငံရေးပါတီများက လွတ်လပ်စွာမဲဆွယ်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...