ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်များထပ်တိုးလာ

ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်များထပ်တိုးလာ
ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်များအားတွေ့ရစဉ်
ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်များအားတွေ့ရစဉ်

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်များ ထပ်တိုးရောက်ရှိလာနေကြကြောင်း သိရသည်။

လူဦးရေ ၅၀၀ ခန့်ရှိသည့် ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာမှ ရွာသူ၊ရွာသားများမှာ ဘူးသီးတောင်မြို့ ပေါ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် ဆွေမျိုးနီးစပ်နေအိမ်များသို့ ရွာလုံးကျွတ်နေရပ်စွန့်ခွာလာကြခြင်းဖြစ်ကြောင်း ၎င်းကျေးရွာသားများထံမှ သိရသည်။

“ရွာမှာလူ ၄ ယောက်ဘဲကျန်ခဲ့တယ်။ ရွာသားတွေအကုန်လုံး ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်း တွေကို ရောက်နေကြတယ်” ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ကွန်တိုင်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့က မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယင်းနောက် ကွန်တိုင်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရွာတာဝန်ရှိသူများကို တပ်မတော်က ခေါ်ယူပြောဆိုမှုများရှိခဲ့ကြောင်း ဒေသခံများမှတစ်ဆင့်သိရသည်။

ဝမ်းတွင်းကျေးရွာမှ ကိုမောင်စံအေးက “စက်တင်ဘာ ၂၂ ရက်နေ့မှာကျေးရွာ ၄ ရွာနဲ့ စက်တင်ဘာ ၂၃ ရက် နေ့မှာ ကျေးရွာ ၂ ရွာကလူကြီးတွေကို စခခ ၁၅ တပ်မကခေါ်ယူသတိပေးတယ်လို့သိရတယ်။ နောက်ထပ် မိုင်းတွေ ပေါက်တာရှိရင် လုပ်တဲ့လူကိုပြောရမယ်။ ကြိုတင်သိထားတာရှိရင်လဲ အကြောင်းကြားရမယ်လို့ပြောတယ်လို့ သိရတယ်” ဟု ပြောသည်။

ယင်းသို့ တပ်မှခေါ်ယူအသိပေးသည့်ကျေးရွာများတွင် ကွန်တိုင်၊ စည်ပင်သာယာ၊ ဝမ်းတွင်း၊ စံညှင်းဝေ ၊ အုတ်တောင်၊ မြက်ချောင်း စသည့်ကျေးရွာများပါဝင်ကြောင်း သိရသည်။

လက်ရှိကွန်တိုင်ကျေးရွာမှဒေသခံများမှာ စိုးရိမ်ကြောက်လန့်ပြီး ဘူးသီးတောင်မြို့ပေါ်သို့ ရောက်ရှိခိုလှုံလာကြခြင်းဖြစ်ကြောင်း ပြောသည်။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “ကွန်တိုင်က ရွာသူရွာသားတွေ ဘူးသီးတောင် မြို့ပေါ်ကစစ်ဘေးရှောင်စခန်းတွေကို ရောက်နေကြတာရှိတယ်။ အခုရက်ပိုင်း မိုင်းပေါက်ပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်ပြေးလာတာမရှိဘူး။ တစ်စတစ်စရောက်လာကြတာနေမှာပါ” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရွာပေါင်း ၃၀ ခန့်မှ ဒေသခံတစ်သောင်းသုံးထောင်ကျော်မှာ နေရပ်ကိုစွန့်ခွာပြီး မြို့ပေါ်စစ်ဘေးရှောင်စခန်း ၂၀ ကျော်တွင် ခိုလှုံလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...