ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

အောင်ထိန် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတင်ကျေးရွာ၌ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရေချမ်းပြင်ဘက်မှ ရွှေလောင်းတင်ကျေးရွာဘက်သို့ မယူမြစ်ကြောင်းအတိုင်း လာသည့် တပ်မတော်ရေယာဉ်နှစ်စီးမှ ပစ်ခတ်မှုများရှိခဲ့ပြီး ရသေ့တောင်မြို့ပေါ်ရှိ တပ်မတော်တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။

ထိုသို့ လက်နက်ကြီးများပစ်ခတ်ရာတွင် အဆိုပါကျေးရွာသို့ လက်နက်ကြီးကျည်တစ်လုံး ကျ‌ရောက်ပေါက်ကွဲခဲ့ သဖြင့် ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ရွှေလောင်းတင်ကျေးရွာမှ ကိုမောင်ငြိမ်းချမ်းက ပြောသည်။

“လက်နက်ကြီးက သူ့အိမ်ရှေ့ကမြောင်းမှာ ကျတယ်။ သူ့အိမ်ရှေ့မှာကျတော့ ဦးမောင်မောင်ချေ ဘယ်မှာလဲလို့ ရှာကြည့်တဲ့အခါ ရေဒီယိုသံကြားတယ်။ အိမ်ထဲဝင်ကြည့်လိုက်တော့ သူသေနေပြီ” ဟု ၎င်းကရှင်းပြသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် ဦးမောင်မောင်ချေ အသက်(၄၀)နှစ်မှာ နေရာတွင်သေဆုံး သွားပြီး အနီးရှိနေအိမ်မှ အသက် ၆၀ အရွယ် ဦးလှထွန်းမောင်တွင် ညာဖက်ရင်အုံနှင့် အသက် ၈၀ ကျော်အရွယ် ဒေါ်လှစောနုတွင် ညာဖက်ဒူးဆစ်တို့၌ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများ ရရှိသွားခဲ့သည်။

ရ‌သေ့‌တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုစားလှယ် ဒေါ်ခင်စောဝေ က“လက်နက်ကိုင်တိုက်ပွဲဟာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက်ဖြစ်ကျပေါ့။ အခုလို ကြားကနေ ပြည်သူတွေ ဓါးစာခံဖြစ်တာကို ကျွန်မတို့အနေနဲ့ လုံးဝလိုလားမှုမရှိဘူး။ ဒီဟာတွေလို နောက်ထပ်မဖြစ်စေဖို့လည်း ကျွန်မတို့တောင်းဆိုတယ်” ဟုဆိုသည်။

လက်ရှိအချိန်ထိ တပ်မတော်ရေယာဉ်ပေါ်မှ ပစ်ခတ်မှုများရှိနေသည့်အတွက် ကျေးရွာသားများမှာ စိုးရိမ် ကြောက်လန့်နေကြပြီး လုံခြုံမည်ထင်သည့်နေရာများတွင် ပုန်းခိုနေရကြောင်း ဒေသခံများကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်တော်သတင်းမှန်ပြန်ကြားအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း မေယူမြစ်ကြောင်းအတိုင်းလာသည့် တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှု များကြောင့် အာကာတောင်(မွတ်ဆလင်)ကျေးရွာမှ ဒေသခံတစ်ဦးနှင့် ဦးဂါကျေးရွာ ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...