မဲရုံပေါင်း ၅၀၀ ကို စောင့်ကြည့်ရန် ရခိုင်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ စီစဉ်

မဲရုံပေါင်း ၅၀၀ ကို စောင့်ကြည့်ရန် ရခိုင်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ စီစဉ်

မင်းထွန်း — လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၅၀၀ စောင့်ကြည့်ရန်လျာထားကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။

“ကျနော်တို့ စောင့်ကြည့်မယ့် မဲရုံအရေအတွက်က ၅၀၀ လျာထားပါတယ်။ မဲရုံစောင့်ကြည့်မယ့် လူတွေကိုလည်း ဆင့်ပွားသင်တန်းတွေ ပေးဖို့တော့ ပြင်ဆင်ထားတယ်။ အဲဒီမဲရုံ ၅၀၀ အတွက်တော့ အနည်းဆုံးမဲရုံ စောင့်ကြည့်မယ့်လူ ၅၀၀ နီးနီးလောက်ကို ပေးမှာပေါ့” ဟု ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံကပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးကို ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အဓိက ဦးစားပေး လုပ်ဆောင်ရန်လျာထားပြီး ထိုသို့ရခိုင်တောင်ပိုင်းကို အဓိကဦးစားပေးရခြင်းသည် ရခိုင်မြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ နေရပ်ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ တိုးလာနေခြင်း၊ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအပေါ်တွင် စိတ်ဝင်စားမှုနည်းပါးနေခြင်းတို့ကြောင့် အဆိုပါနေရာများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ယူဆသည့်အတွက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။

ထိုအဖွဲ့အနေဖြင့် လက်ရှိတွင် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ချက်များကို အသေးစိတ်စောင့်ကြည့်ရန်စီစဉ်ထားပြီး လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်/မဖြစ်ကို အထူးအလေးထား စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဦးခိုင်ကောင်းစံက ဆက်လက်ပြောကြားသည်။

“ကျနော်တို့ စောင့်ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးလှုံဆော်မှုတွေ၊ ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်ပြီး ပြောဆိုမှုတွေ၊ နောက် ဗီနိုင်းထောင်တာတွေက အစပေါ့။ အဲဒီကနေ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေ တည်ဆောက်ပုံ စနစ်ကျရဲ့လား၊ နောက်တရားမျှတပြီးမှ လွတ်လပ်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ရဲ့လားပေါ့၊ အဲဒါမျိုးတွေအထိ စောင့်ကြည့်မှာပါ” ဟု ၎င်းကပြောသည်။

ယခုအခါ ပါတီများမဲဆွယ်စည်းရုံးခွင့် ရရှိနေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် မြို့နယ်များကို Stay at home သတ်မှတ်ထားသည့်အတွက် နိုင်ငံရေးပါတီများ မဲဆွယ်ရေးအတွက် ခက်ခဲလျက်ရှိနေကြောင်း သိရသည်။

ရခိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိပြီး မဲရုံစုစုပေါင်း ၂၅၉၆ ရုံဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...