မောင်တောတွင် ပျောက်ဆုံးနေသည့် နယ်ခြားစောင့် (၂) ဦးထဲမှ တစ်ဦးကို သေဆုံးလျက်ပြန်တွေ့

မောင်တောတွင် ပျောက်ဆုံးနေသည့် နယ်ခြားစောင့် (၂) ဦးထဲမှ တစ်ဦးကို သေဆုံးလျက်ပြန်တွေ့

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သရက်အုပ်နယ်ခြားစောင့်ရဲစခန်းမှ ပျောက်ဆုံးနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးအနက် တစ်ဦးအားသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်သားဇေယျာမျိုးနှင့် ရဲတပ်သားမြင့်သိန်း တို့နှစ်ဦးမှာ စက်တင်ဘာလ ၅ ရက်နေ့က လစာငွေအား မိသားစုထံလွှဲပေးရန် ရွက်ညိုတောင်ကျေးရွာသို့ သွားရောက်စဉ် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးထံမှ သိရသည်။

ထိုသို့ ပျောက်ဆုံးနေသူနှစ်ဦးထဲမှ ရဲတပ်သား ဇေယျာမျိုး ၏အလောင်းအား ရွာညိုတောင်ကျေးရွာအနီးရှိ ပုစွန်ကန်အဟောင်း၌ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းတွင် လေပြွှန်ပြတ်ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ၊ ယောကျ်ားလိင်အင်္ဂါပြတ်ဒဏ်ရာများ တွေ့ရှိရကြောင်း သိရသည်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က “ရဲတပ်သားနှစ်ဦးက သရက်အုပ်စခန်းက ပျောက်နေတာက စက်တင်ဘာ ၅ ရက်နေ့ကတည်းကလို့ သိရတယ်။ ဒီနေ့မနက်ပိုင်းမှာ တစ်ဦးကို ဓားခုတ်ရာတွေနဲ့ ပြန်တွေ့တယ်လို့ သိရတယ်။ နောက်တစ်ဦးကတော့ ရှာမတွေ့ သေးသလို သူတို့နှစ်ဦးမှာကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းတွေပါ ပျောက်နေတယ်လို့သိရတယ်။ ဘယ်လိုဖြစ်တာလဲတော့ အတိအကျမသိဘူး” ဟု ၎င်းကပြောသည်။

လက်ရှိမှာ အလောင်းတွေ့ရှိသည့် ပတ်ဝန်းကျင်အား သက်ဆိုင်ရာမှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...