ရခိုင်ဒေသတွင် ကိုဗစ်ကိုအကြောင်းပြ၍ တပ်မတော်မှ စစ်ဆင်ရေးဆောင်ရွက်နေမှုများကို ကန့်ကွက် ရှုတ်ချကြောင်း ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

ရခိုင်ဒေသတွင် ကိုဗစ်ကိုအကြောင်းပြ၍ တပ်မတော်မှ စစ်ဆင်ရေးဆောင်ရွက်နေမှုများကို ကန့်ကွက် ရှုတ်ချကြောင်း ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

အောင်ထိန် — ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကိုအကြောင်းပြ၍ တပ်မတော်မှ စစ်ဆင်ရေးဆောင်ရွက်နေမှုများကို ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံး ကိုဗစ်ကြောင့် ဒုက္ခရောက်နေချိန်တွင် တပ်မတော်မှ ကိုဗစ်ကိုအကာအကွယ်ယူပြီး စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများကို တောက်လျှောက်လုပ်ဆောင်နေကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆောင်ရွက်နေသည်ဟု ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ကိုထူးခန့်သော်ကပြောသည်။

“ဘာမှမဆိုင်ဘဲနဲ့ အပြစ်မဲ့ပြည်သူတွေ ကြားထဲမှာ ဒုက္ခရောက်သွားတာတွေရှိတယ်။ ပြီးခဲ့တဲ့လေးရက်နေ့ကဆိုရင် ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတာရှိတယ်။ ဒါတွေက လူ့အခွင့်အရေးချိုးဖောက်ခံလိုက်ရတာလို့ ကျွန်တော်တို့ မြင်တယ်” ဟု ကိုထူးခန့်သော်က ဆိုသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးကို ခမရ (၇၃၇)တပ်ရင်းမှ တပ်မတော်သားများကနှိပ်စက်ပြီး အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်းခြင်းဖြစ်ကြောင်းလည်း ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ရခိုင်ပြည်သူလူထုများ COVID-19 ကူးစက်ရောဂါကိုခံစားနေရချိန်တွင် တပ်မတော်မှ ရခိုင်ပြည် ကျေးရွာများကိုမီးရှိုဖျက်စီးခြင်း၊ အရပ်သားပြည်သူများကို ပစ်ခတ်ခြင်းများကို ပြင်းထန်စွာရှုတ်ချကြောင်း European Campaign for Arakan အဖွဲ့ကစက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မှာ တန်ပြန်အကြမ်းဖက်မှုနှိမ်နှင်းရေး စစ်ဆင်ရေးကို ဆောင်ရွက်လျက် ရှိကြောင်း စက်တင်ဘာမှ ၄ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

“ဒီလိုဆောင်ရွက်နေတဲ့အချိန်မှာ ကျွန်တော်တို့သည် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းတွေအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AAတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)ခန့်ကြာမြင့်လာနေပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ကာ အရပ်သားထိခိုက်သေဆုံးမှုများလည်း ဆက်လက်တိုးနေဆဲဖြစ်သည်။

ပုံစာ - စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းက မီးရှို့ဖျက်စီးခြင်း ခံလိုက်ရသည့် ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်နေရာအား တွေ့ရစဉ်။ (ဓာတ်ပုံ - Aung Myint Thein's facebook)

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...